အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ ဟာသလေးကို အမိုက်စား Tik Tokလေးဆော့ပြလိုက်တဲ့ ခြူးလေး
Posted on
ချစ်စရာကောင်းတဲ့ Tik Tokလေးတွေကို မကြာခဏဆော့တတ်တဲ့ ပြည်တော်ချစ် မင်းသမီးချောလေး ခြူးလေးဟာ အခုတစ်ခါမှာလည်း ချစ်ဖို့ကောင်းတဲ့ Tik Tokဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားတာကိုတွေ့ရပြန်ပါတယ်။ သူမဟာ MRTV-4ဇာတ်လမ်းလေးတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်သိမ်းပိုက် ရရှိထားနိုင်ခဲ့သူလေးဆိုရင်လည်းမမှားပါဘူး။
လက်ရှိမှာဆိုရင်လည်း သူမဟာ ‌ေြခလှမ်းခပ်သွက်သွက်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလျက်ရှိပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်နော်။ သရုပ်ဆောင်တာဟာ သူမရဲ့ မွေးရာပါ ဝါသနာလို့ဆိုရလောက်အောင်ကို အထုံပါရမီရှိလွန်းတာကြောင့် မကြာခဏTik Tokလေးတွေဆော့ပြီး‌ေတာ့လည်း သူမရဲ့သရုပ်ဆောင် စွမ်းရည်ကို မြှင့်တင်လေ့ရှိပါတယ်။ အခုလည်း အွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ ဟာသ လေးကို အမိုက်စား Tik Tokလေးအဖြစ်ဆော့ပြခဲ့ပြန်ပါတယ်။
ချစ်စဖွယ်အမူအရာလေးတွေနဲ့ ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်ဆော့ထားတဲ့ သူမရဲ့Tik Tokလေးကြောင့် ပရိသတ်တွေအချစ်ပိုခဲ့ရပါတယ်နော်။ ဒါ့အပြင် သူမဟာ တူမလေးကိုလက်ဆွဲပြီးတော့လည်း လည်လည်ထွက်ကာ ပျော်ရွှင်လို့နေခဲ့ပါသေးတယ်။ ”
ဆော့တယ် သမီးလေးနဲ့ လည်လည်သွားတယ်
ဘဝ က ပြီးပြည့်စုံနေရောဘဲ ” ဆိုပြီးတော့ သူမရဲ့ Tik Tokလေးနဲ့ အတူ တူမလေးနဲ့ လည်လည်ထွက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုပါမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ … ခြူးလေးတစ်ယောက် ဘယ်လိုအမိုက်စားTik Tokလေးကို ဆော့ပြထားပြန်ပြီလည်းဆိုတာ ကြည့်လိုက်ကြပါအုန်းနော်….
Source: Chue Lay
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)