မိန်းမလျာတစ်ယောက်ဖြစ်နေလို့ သိမ်ငယ်ရတဲ့ခံစားချက်တစ်ချို့ကို ဖွင့်ဟလာတဲ့ မိတ်ကပ်ညီညီမောင်

LGBT တွေဆိုရင် တော်တော်များများက စနောက်ချင်ကြပါတယ်။ သူတို့မှာလည်း ကိုယ်ပိုင် ရပ်တည်ချက် ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဘဝကိုအကောင်း ဆုံးဖြစ်အောင် လျှောက်လှမ်းနေသူ တွေအများကြီးပါ။ ကံအကြောင်းမလှခဲ့လို့ သာမာန်လူတွေလို မဖြစ်ခဲ့ပေမယ့် သူတို့ဟာလည်း လူထဲကလူတွေပါပဲ။ လူလူခြင်းခွဲခြားတာဟာလည်း မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။

မိတ်ကပ်ညီညီမောင်ကလည်း သူမခံစားနေရတာတွေကို လူမှုကွန်ရက်မှာ ဖွင့်ဟလာခဲ့ပါတယ်။ မိန်းမလျာတစ်ယောက်ကို ဇနီးမယားအဖြစ်တရားဝင် ပေါင်းသင်းနေထိုင်တဲ့အမျိုးသားဆိုတာ အတော်ကိုရှားပါတယ်။ သူမတို့အတွက် အချစ်စစ်နဲ့တွေ့ခဲ့ရင်တောင် ပေါင်းဆုံဖို့ဆိုတာ အတော်ကိုအလှမ်းဝေး နေသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထားကောင်းတဲ့သုသုကတော့ လူကောင်းနဲ့ပဲဆုံတွေ့ရမှာပါ။

သူမရဲ့ ခံစားချက်ကို ” မိန်းမတယောက် အဖြစ် နဲ့ပဲ မွေးဖွားလာခဲ့ချင်တာပေါ့ ကိုယ်နဲ့ရွယ်တူတွေ ခု ဆို သားတွေ သမီးတွေနဲ့ မိသားစုဘဝတွေ ပိုင်ဆိုင် နေကြပြီ လိုချင်တာပေါ့ မိသားစုဘဝ ကိုယ်တွေ အသက်အရွယ်ကြီးလာ ဘယ်သူကပြုစုမှာလဲ စဉ်းစားလေ အဖြေမထွက်တဲ့ ပုစ္စာတစ်ပုဒ်လိုပါပဲ ဘယ်သူ က မျိုးစေ့မမှန် အပင်မသန်တဲ့ ဘဝကိုလိုချင်မှာလဲ ဘယ်ဘဝ ဆုတောင်း မှားခဲ့လေသလည်းကွယ် ဝဋ်ကြွေးရှိလည်းပြေပါစေ ကံကြွေးရှိလည်းကျေပါစေ ” ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိန္းမလ်ာတစ္ေယာက္ျဖစ္ေနလို႔ သိမ္ငယ္ရတဲ့ခံစားခ်က္တစ္ခ်ိဳ႕ကို ဖြင့္ဟလာတဲ့ မိတ္ကပ္ညီညီေမာင္

LGBT ေတြဆိုရင္ ေတာ္ေတာ္မ်ားမ်ားက စေနာက္ခ်င္ၾကပါတယ္။ သူတို႔မွာလည္း ကိုယ္ပိုင္ ရပ္တည္ခ်က္ ကိုယ္ပိုင္ခံယူခ်က္ေတြနဲ႔ ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ ေလွ်ာက္လွမ္းေနသူ ေတြအမ်ားၾကီးပါ။ ကံအေၾကာင္းမလွခဲ့လို႔ သာမာန္လူေတြလို မျဖစ္ခဲ့ေပမယ့္ သူတို႔ဟာလည္း လူထဲကလူေတြပါပဲ။ လူလူျခင္းခြဲျခားတာဟာလည္း မျဖစ္သင့္တဲ့ကိစၥတစ္ခုပါ။

မိတ္ကပ္ညီညီေမာင္ကလည္း သူမခံစားေနရတာေတြကို လူမႈကြန္ရက္မွာ ဖြင့္ဟလာခဲ့ပါတယ္။ မိန္းမလ်ာတစ္ေယာက္ကို ဇနီးမယားအျဖစ္တရားဝင္ ေပါင္းသင္းေနထိုင္တဲ့အမ်ိဳးသားဆိုတာ အေတာ္ကိုရွားပါတယ္။ သူမတို႔အတြက္ အခ်စ္စစ္နဲ႔ေတြ႕ခဲ့ရင္ေတာင္ ေပါင္းဆံုဖို႔ဆိုတာ အေတာ္ကိုအလွမ္းေဝးေနသလိုပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ စိတ္ထားေကာင္းတဲ့သုသုကေတာ့ လူေကာင္းနဲ႔ပဲဆံုေတြ႕ရမွာပါ။

သူမရဲ႕ ခံစားခ်က္ကို ” မိန္းမတေယာက္ အျဖစ္ နဲ႔ပဲ ေမြးဖြားလာခဲ့ခ်င္တာေပါ့ ကိုယ္နဲ႔႐ြယ္တူေတြ ခု ဆို သားေတြ သမီးေတြနဲ႔ မိသားစု ဘဝေတြ ပိုင္ဆိုင္ေနၾကျပီ လိုခ်င္တာေပါ့ မိသားစုဘဝ ကိုယ္ေတြ အသက္အ႐ြယ္ႀကီးလာ ဘယ္သူကျပဳစုမွာလဲ စဥ္းစားေလ အေျဖမထြက္တဲ့ ပုစၥာတစ္ပုဒ္ လိုပါပဲ ဘယ္သူက မ်ိဳးေစ့မမွန္ အပင္မသန္တဲ့ ဘဝကိုလိုခ်င္မွာလဲ ဘယ္ဘဝ ဆုေတာင္း မွားခဲ့ေလသလည္းကြယ္ ဝဋ္ေၾကြးရွိ လည္းေျပပါေစ ကံေႂကြးရွိလည္းေက်ပါေစ ” ဆိုျပီး ဖြင့္ဟခဲ့ပါတယ္။

Happy – Cele Zone
Photo – Nyi Nyi Maung

error: Content is protected !!