ချစ်ခင်ပွန်း၀ယ်ပေးတဲ့ I Phone11 Pro Max ကြောင့် မျက်ရည်ဝဲလောက်အောင်ပျော်ခဲ့ရတဲ့ နန်းမြတ်

Posted on

လတ်တလောမှာဆိုရင် နန်းမြတ်ဖြိုးသင်းတို့ မိသားစုလေး အရမ်းကိုပျော်စရာကောင်းတဲ့ မိသားစုလေးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုခံနေရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ သာယာတဲ့ အိမ်ထောင်ရေးကိုလည်းထူထောင်ထားနိုင်ခဲ့ပြီးတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးJack Jackကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီပဲဖြစ်ပါတယ်။

ဒီလထဲမှာဆိုရင် နန်းမြတ်ရဲ့ သားလေးဟာ ၆ လသားအရွယ်လေးကို ရောက်ရှိခဲ့ပြီပဲဖြစ်ပြီးတော့ ချစ်ခင်ပွန်းဟာလည်း ဒီလထဲမှာပဲ အသက်၃၄နှစ် ပြည့်ခဲ့ပြီးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ ဒီလပိုင်းမှာ သားလေးကတစ်ဖက် ချစ်ခင်ပွန်းကတစ်ဖက်နဲ့မို့ အလုပ်တွေရှုပ်ကာ ပင်ပန်းလို့နေခဲ့ရပါတယ်။ ဒါ့အပြင် သားလေးJack Jackဟာလည်း လသားအရွယ်လေးမို့ မိခင်ရဲ့ အပြုစုယုယမှုတွေ နွေးထွေးမှုတွေလိုအပ်တဲ့အတွက် နန်းမြတ်တစ်ယောက်ပိုလို့တောင်ပင်ပန်းလို့နေခဲ့ရပါတယ်။

ဒါပေမယ့် သားလေးကတစ်ဖက်နဲ့ ပင်ပန်းနေတဲ့ သူမကို ခင်ပွန်းဖြစ်သူက အသိအမှတ်ပြုတဲ့အနေနဲ့ ပေးခဲ့တဲ့ လက်ဆောင်လေးကြောင့် အရမ်းပဲပျော်ရွှင်ခဲ့ရသလို ပင်ပန်းမှုတွေကလည်းပြေပျောက်ခဲ့ရပါတယ်။ အဲ့ဒါကတော့ လတ်တလောမှာခေတ်စားနေတဲ့ I Phone 11 Pro Maxပဲဖြစ်ပါတယ်။ ” ဟီးသိပ်မပျော်ရှာပါဘူးလေ ပါးစပ်စိလို့မရရုံလေးပဲ….သားကြောင့်အိပ်ရေးပျက်တာတွေများလို့ဆုချတာတဲ့…မျောက်မတယောက်အုန်းသီးရပီ…
ရမ်းချစ်တယ်ယောက်ျားရေ…” ဆိုပြီးတော့ ချစ်ခင်ပွန်းပေးတဲ့လက်ဆောင်လေးကြောင့် တန်ဖိုးကြီးတာမကြီးတာထက် သူမကိုအသိမှတ်ပြုတဲ့ လက်ဆောင်လေးဖြစ်လို့ ပျော်မဆုံးဖြစ်နေခဲ့ရပါတယ်နော်။ ကဲ… နန်းမြတ်တို့မိသားစုလေးက တကယ်ပဲအားကျဖို့ကောင်းတယ်လို့ မထင်မိဘူးလား ပရိသတ်တို့ရေ…

Source : Nann Myat Phyo Thin

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)


 


