ဘယ်သူ့ကိုမှ ဂုဏ်မပြုဖူးသေးတဲ့ ပုံစံအသစ်နဲ့ ဂုဏ်ပြုခံလိုက်ရတဲ့ ချစ်သက်

Posted on

ပရိသတ်တွေရဲ့အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အပြင် သရုပ်ဆောင်လောကမှာ ဝါရင့် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်သဘောဖြူပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်သက်က ပရိသတ်တွေရဲ့အားပေးမှုတွေကို များစွာပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး အမာခံပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်ခံရသူတစ်ဦးပါ။

လတ်တလော ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကတစ်ခုဖြစ်တဲ့ သခင်ကြီးနှင့် ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး ချစ်သက်ရဲ့ အောချရလောက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှူခံစားရမှာဖြစ်ပြီး မင်းသမီးအသားပေးဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ချစ်သက်က အဆိုပါ ဇာတ်ကားကြီးရဲ့ မိတ်ဆက်ပွဲ အခမ်းအနားမှာ တခြားဘာနဲ့မှမတူတဲ့ ဂုဏ်ပြုခြင်းမျိုးနဲ့ ဂုဏ်ပြုခံခဲ့ရတာကြောင့်အတိုင်မသိဝမ်းသာခဲ့တာဖြစ်ပါတယ်။

 

 

“နောက် ကျွန်မကို ဒီလောက်ကြီးတဲ့ ရုပ်ထုကြီး လုပ်ပေးပြီး ဂုဏ်ပြုပေးကြတယ်! တကယ့် ဘဝ အမှတ်တရ!မင်းသမီး ဦးဆောင်ရတဲ့ ကား, မင်းသမီးကို ဒီလို ဂုဏ်ပြုပေးတာ ကျွန်မ ပထမဆုံးများလား!ဂုဏ်ယူစွာနဲ့ ကျွန်မကို ချစ်တဲ့သူတွေ ဝမ်းသာနိုင်ကြပါစေ!အဲ့တွက် Real Bros Production မိသားစု နဲ့ ဒါရိုက်တာ ကိုစတီးလ်ကို အထူးကျေးဇူးတင်ပါတယ်ရှင့်!
ဒီ Oct 31 ဆိုရုံတငိပါပြီနော်!အားပေးဝန်းရံကြဖို့ ဖိတ်ခေါ်ပါတယ်”ဆိုပြီး ချစ်ရတဲ့ Yellow Heartsလေးတွေနဲ့ အတူ ပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို Celezoneပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါပြီနော်။

 

Source:Thet Mon Myint

NORA:CeleZone

(Zawgyi   ဖြင့်ဖတ်ရန်)

ဘယ္သူ႔ကိုမွ ဂုဏ္မျပဳဖူးေသးတဲ့ ပုံစံအသစ္နဲ႔ ဂုဏ္ျပဳခံလိုက္ရတဲ့ ခ်စ္သက္

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ႏိုင္ငံေက်ာ္မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ အရည္အခ်င္းရွိတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အျပင္ သ႐ုပ္ေဆာင္ေလာကမွာ ဝါရင့္ မင္းသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။ စိတ္သေဘာျဖဴၿပီး အရမ္းကိုခ်စ္စရာေကာင္းတဲ့ ခ်စ္သက္က ပရိသတ္ေတြရဲ႕အားေပးမႈေတြကို မ်ားစြာပိုင္ဆိုင္ထားသူတစ္ဦးျဖစ္ၿပီး အမာခံပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အခ်စ္ခံရသူတစ္ဦးပါ။

လတ္တေလာ ပရိသတ္ေတြၾကားမွာ နာမည္ႀကီး ေရပန္းစားေနတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲကတစ္ခုျဖစ္တဲ့ သခင္ႀကီးႏွင့္ ငါးပိတို႔စရာ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ပါဝင္႐ိုက္ကူးခဲ့ၿပီး ခ်စ္သက္ရဲ႕ ေအာခ်ရေလာက္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို ၾကည့္ရႉခံစားရမွာျဖစ္ၿပီး မင္းသမီးအသားေပးဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။ ခ်စ္သက္က အဆိုပါ ဇာတ္ကားႀကီးရဲ႕ မိတ္ဆက္ပြဲ အခမ္းအနားမွာ တျခားဘာနဲ႔မွမတူတဲ့ ဂုဏ္ျပဳျခင္းမ်ိဳးနဲ႔ ဂုဏ္ျပဳခံခဲ့ရတာေၾကာင့္အတိုင္မသိဝမ္းသာခဲ့တာျဖစ္ပါတယ္။

“ေနာက္ ကြၽန္မကို ဒီေလာက္ႀကီးတဲ့ ႐ုပ္ထုႀကီး လုပ္ေပးၿပီး ဂုဏ္ျပဳေပးၾကတယ္! တကယ့္ ဘဝ အမွတ္တရ!မင္းသမီး ဦးေဆာင္ရတဲ့ ကား, မင္းသမီးကို ဒီလို ဂုဏ္ျပဳေပးတာ ကြၽန္မ ပထမဆုံးမ်ားလား!ဂုဏ္ယူစြာနဲ႔ ကြၽန္မကို ခ်စ္တဲ့သူေတြ ဝမ္းသာႏိုင္ၾကပါေစ!အဲ့တြက္ Real Bros Production မိသားစု နဲ႔ ဒါ႐ိုက္တာ ကိုစတီးလ္ကို အထူးေက်းဇူးတင္ပါတယ္ရွင့္!
ဒီ Oct 31 ဆို႐ုံတငိပါၿပီေနာ္!အားေပးဝန္းရံၾကဖို႔ ဖိတ္ေခၚပါတယ္”ဆိုၿပီး ခ်စ္ရတဲ့ Yellow Heartsေလးေတြနဲ႔ အတူ ပြဲတက္ခဲ့တဲ့ ပုံရိပ္ေလးေတြကို Celezoneပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါၿပီေနာ္။