မြန်မာရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပုံစံအသစ်လေးနဲ့မြင်တွေ့ရမယ့် ချီချီ

Posted on

ပရိသတ်တွေရဲ့ အမာခံအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ Beauty Bloggerမလေး နေခြည်ဦး ဆိုရင် မသိတဲ့သူမရှိပါဘူး။ ဝါသနာပါရာကို ကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်တတ်တဲ့ ချီချီက သွက်လက်ထက်မြတ်တဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ချီချီရဲ့ Chiliesလေးတွေက ချီချီကိုထိရင် ဓားကြည့်ဆိုလောက်အောင် ပရိသတ်တွေရဲ့ အချစ်တွေကိုပိုင်ဆိုင်သူလေးပါ။

လက်ရှိမှာတော့ ချီချီနဲ့ မင်းသား နေတိုးတို့ရဲ့ အရမ်းကို Ro ဆန်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားလေးက ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိထားပြီး ယခုဆိုရင် ဒုတိယမြောက်အပတ်ထိ ဆက်လက်ပြသခွင့်ကိုရရှိထားတဲ ဇာတ်ကားလေးပါ။ ချီချီက ထူးခြားတဲ့ အိုက်တင်တွေနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်လမ်းများစွာကို ရိုက်ကူးနေတဲ့ မင်းသမီးတစ်ဦးပါ။

 

အခုလည်း နောက်ထပ် ချစ်စရာကောင်းတဲ့ နူးညံသိမ့်မွေ့တဲ့ မိန်းကလေးတစ်ဦးအဖြစ် “အိမ်မက်တွေနဲ့ မိုးထားတဲ့ အိမ်”ရုပ်ရှင်ဇာတ်လမ်းတွဲသစ်လေးမှာ မြင်တွေ့ရတော့မှာပါ။ ချစ်စရာကောင်းတဲ့ ချီချီပါဝင်ရိုက်ကူးနေတဲ့ အိမ်မက်တွေ မိုးထားတဲ့အိမ် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှုကတော့ စတင်နေပြီဖြစ်ပြီး ရိုက်ကွင်းက ချီချီရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အကြိုအနေနဲ့ တင်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ျမန္မာ႐ုပ္သံဇာတ္လမ္းတြဲသစ္တစ္ခုမွာ ပုံစံအသစ္ေလးနဲ႔ျမင္ေတြ႕ရမယ့္ ခ်ီခ်ီ

ပရိသတ္ေတြရဲ႕ အမာခံအားေပးမႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ Beauty Bloggerမေလး ေနျခည္ဦး ဆိုရင္ မသိတဲ့သူမရွိပါဘူး။ ဝါသနာပါရာကို ႀကိဳးစားၿပီး အေကာင္းဆုံး လုပ္ေဆာင္တတ္တဲ့ ခ်ီခ်ီက သြက္လက္ထက္ျမတ္တဲ့ မိန္းကေလးတစ္ဦးျဖစ္တာေၾကာင့္ ခ်ီခ်ီရဲ႕ Chiliesေလးေတြက ခ်ီခ်ီကိုထိရင္ ဓားၾကည့္ဆိုေလာက္ေအာင္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုပိုင္ဆိုင္သူေလးပါ။

လက္ရွိမွာေတာ့ ခ်ီခ်ီနဲ႔ မင္းသား ေနတိုးတို႔ရဲ႕ အရမ္းကို Ro ဆန္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေလးျဖစ္တဲ့ အခမ္းနားဆုံးေမတၱာ ႐ုပ္ရွင္ဇာတ္ကားေလးက ပရိသတ္ေတြရဲ႕ ႐ုံျပည့္႐ုံလွ်ံအားေပးမႈကို ရရွိထားၿပီး ယခုဆိုရင္ ဒုတိယေျမာက္အပတ္ထိ ဆက္လက္ျပသခြင့္ကိုရရွိထားတဲ ဇာတ္ကားေလးပါ။ ခ်ီခ်ီက ထူးျခားတဲ့ အိုက္တင္ေတြနဲ႔ ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး အခုဆိုရင္ ႐ုပ္ရွင္ဇာတ္လမ္းမ်ားစြာကို ႐ိုက္ကူးေနတဲ့ မင္းသမီးတစ္ဦးပါ။

အခုလည္း ေနာက္ထပ္ ခ်စ္စရာေကာင္းတဲ့ ႏူးညံသိမ့္ေမြ႕တဲ့ မိန္းကေလးတစ္ဦးအျဖစ္ “အိမ္မက္ေတြနဲ႔ မိုးထားတဲ့ အိမ္”႐ုပ္ရွင္ဇာတ္လမ္းတြဲသစ္ေလးမွာ ျမင္ေတြ႕ရေတာ့မွာပါ။ ခ်စ္စရာေကာင္းတဲ့ ခ်ီခ်ီပါဝင္႐ိုက္ကူးေနတဲ့ အိမ္မက္ေတြ မိုးထားတဲ့အိမ္ ႐ုပ္သံဇာတ္လမ္းတြဲ႐ိုက္ကူးမႈကေတာ့ စတင္ေနၿပီျဖစ္ၿပီး ႐ိုက္ကြင္းက ခ်ီခ်ီရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ အႀကိဳအေနနဲ႔ တင္ေပးလိုက္ပါတယ္ေနာ္။