ဆရာဖြစ်သူ မင်းသားကြီး ကျော်သူကို ဂါရဝတရားအပြည့်နဲ့သွားရောက်ကန်တော့ခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

ကျော်သူဆိုတာနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေမသိတဲ့ သူမရှိလောက်အောင် ပရဟိတတွေလုပ်တဲ့နေရာ စံပြထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ တစ်ချိန်က ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသားတစ်ဦးဖြစ်သလို အချိန်အတော်ကြာမှ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတဲ့ မင်းသားကြီး ကျော်သူ တစ်ဦးအဖြစ် ပြန်လည်မြင်တွေ့ရမှာပါ။

လက်ရှိမှာဆိုရင်တော့ ပရိသတ်တွေအထူးစိတ်ဝင်စားနေကြတဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေလက် အမြန်ဆုံးကြည့်ရှူခံစားနိုင်ဖို့အတွက် ကြိုးစားနေတာကိုလည်း မြင်တွေ့ရမှာပါ။ ရုပ်ရှင်အနုပညာလောကမှာ ဝါရင့်မင်းသားကြီးတစ်ဦးဖြစ်တဲ့အပြင် ဖြူစင်တဲ့ စိတ်နှလုံးနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးတွေကို ပြသနိုင်ဖို့ ကြိုးစားနေတဲ့ မင်းသားကြီးဖြစ်တာကြောင့် အနုပညာလောကမှ မင်းသားမင်းသမီးတွေအကုန်လုံးက လေးစားရသူတစ်ယောက်ပါ။

ယခုလို သီတင်းကျွတ်အချိန်အခါသမ‌လေးမှာ ဆရာတစ်ယောက်လို ချစ်ခင်လေးစားရတဲ့ မင်းသားကြီးကျော်သူကို ဂါရဝတရားအပြည့်နဲ့ ပြေဇင် ၊ ထားထက်ထက်၊ အလင်းရောင်၊ ရွှေသမီး၊ မေမြင့်မိုရ်၊ ထွန်းကိုကို၊ ထူးမြတ်တို့နဲ့အတူ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အာကာဟိန်းတို့က လာရောက်ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။ ဂါရဝတရားကို အလေးစားထားတတ်တဲ့ အနုပညာရှင်တွေရဲ့ စိတ်ဓာတ်ကိုလေးစားသောအားဖြင့် ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Kyaw Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ဆရာျဖစ္သူ မင္းသားႀကီး ေက်ာ္သူကို ဂါရဝတရားအျပည့္နဲ႔သြားေရာက္ကန္ေတာ့ခဲ့ၾကတဲ့ အႏုပညာရွင္မ်ား

ေက်ာ္သူဆိုတာနဲ႔ ျမန္မာႏိုင္ငံက ပရိသတ္ေတြမသိတဲ့ သူမရွိေလာက္ေအာင္ ပရဟိတေတြလုပ္တဲ့ေနရာ စံျပထားရတဲ့ ပုဂၢိဳလ္တစ္ဦးပါ။ တစ္ခ်ိန္က ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ပိုင္ဆိုင္ခဲ့တဲ့ မင္းသားတစ္ဦးျဖစ္သလို အခ်ိန္အေတာ္ၾကာမွ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္ခဲ့ၿပီး ပရိသတ္ေတြကို ရသမ်ိဳးစုံေပးႏိုင္မယ့္ ႐ုပ္ရွင္ဇာတ္ကားေတြကို ႐ိုက္ကူးေနတဲ့ မင္းသားႀကီး ေက်ာ္သူ တစ္ဦးအျဖစ္ ျပန္လည္ျမင္ေတြ႕ရမွာပါ။

လက္ရွိမွာဆိုရင္ေတာ့ ပရိသတ္ေတြအထူးစိတ္ဝင္စားေနၾကတဲ့ ၁၀၁၄ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေတြလက္ အျမန္ဆုံးၾကည့္ရႉခံစားႏိုင္ဖို႔အတြက္ ႀကိဳးစားေနတာကိုလည္း ျမင္ေတြ႕ရမွာပါ။ ႐ုပ္ရွင္အႏုပညာေလာကမွာ ဝါရင့္မင္းသားႀကီးတစ္ဦးျဖစ္တဲ့အျပင္ ျဖဴစင္တဲ့ စိတ္ႏွလုံးနဲ႔ ပရိသတ္ေတြအတြက္ အေကာင္းဆုံးေတြကို ျပသႏိုင္ဖို႔ ႀကိဳးစားေနတဲ့ မင္းသားႀကီးျဖစ္တာေၾကာင့္ အႏုပညာေလာကမွ မင္းသားမင္းသမီးေတြအကုန္လုံးက ေလးစားရသူတစ္ေယာက္ပါ။

ယခုလို သီတင္းကြၽတ္အခ်ိန္အခါသမ‌ေလးမွာ ဆရာတစ္ေယာက္လို ခ်စ္ခင္ေလးစားရတဲ့ မင္းသားႀကီးေက်ာ္သူကို ဂါရဝတရားအျပည့္နဲ႔ ေျပဇင္ ၊ ထားထက္ထက္၊ အလင္းေရာင္၊ ေ႐ႊသမီး၊ ေမျမင့္မိုရ္၊ ထြန္းကိုကို၊ ထူးျမတ္တို႔နဲ႔အတူ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အာကာဟိန္းတို႔က လာေရာက္ကန္ေတာ့ခဲ့ၾကတာျဖစ္ပါတယ္။ ဂါရဝတရားကို အေလးစားထားတတ္တဲ့ အႏုပညာရွင္ေတြရဲ႕ စိတ္ဓာတ္ကိုေလးစားေသာအားျဖင့္ ပရိသတ္ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။