တန်ဖိုးကြီးပြီး လိုချင်တက်မက်လောက်တဲ့ ကိတ်မုန့်‌လေးနဲ့ ခင်ပွန်းဖြစ်သူကို မွေးနေ့ Supriseလုပ်ပေးခဲ့တဲ့ စမိုင်းလ်

Posted on

မိန်းကလေးပရိသတ်တွေကြားမှာ လေးစားအားကျရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် စမိုင်းလ်ကတော့ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သမီးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ် ပရိသတ်တွေမြင်တွေ့ရမှာပါဖြစ်သလို Modelရှုံးလောက်အောင် ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်လည်း မြင်တွေ့ရမှာပါ။

ပရိသတ်တွေ အားအကျရဆုံးတစ်ခုဖြစ်တဲ့ အိမ်ထောင်ရေးကံကောင်းလွန်းတဲ့ သူမက ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်ကြင်နာမှု နဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ စမိုင်းလ်ရဲ့ သမီးလေးနှစ်ယောက်ကလည်းပရိသတ်တွေကြားမှာ ရေပန်းစားပြီး ထက်မြတ်တဲ့ သူလေးတွေအဖြင့် တဖြည်းဖြည်း အရွယ်ရောက်လာကြပြီဖြစ်ပါတယ်။ ထက်မြတ်ပြီး အစစအရာရာမှာတော်လွန်းတဲ့ မေမေ စမိုင်းလ်ကို ပိုင်ဆိုင်ထားတာကို ကံကောင်းသူလေးတွေအဖြစ် ခံယူထားသူလေးပါ။

 

 

 

ဒါပြင့် ခင်ပွန်းဖြစ်သူအတွက်လည်း စမိုင်းလ်လို သိတတ်လိမ္မာတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားရတာက တကယ့်ကို ကံကောင်းလွန်းပါတယ်။ စည်းစည်းလုံးလုံးနဲ့ ဘယ်ချိန်ကြည့်ကြည့်ပျော်ရွှင်စရာကောင်းတဲ့ စမိုင်းလ်တို့ မိသားစုလေးရဲ့ မိသားစု မွေးနေ့ပွဲလေးကျင်းပခဲ့ပုံကို မြင်တွေ့ရမှာပါ။ ခင်ပွန်းဖြစ်သူတွေအတွက် ရိုးရှင်းတဲ့ မွေးနေ့လေးကို ဖန်တီးပေးခဲ့ပြီး မြင်လိုက်တာနဲ့ လိုချင်စရာကောင်း‌လောက်အောင် ဒေါ်လာနဲ့ ရွှေတုံးပုံစံတွေပြုလုပ်ထားတဲ့ ကိတ်မုန့်လေးနဲ့ မွေးနေ့ Supriseလုပ်ခဲ့တဲ့ ပုံရိပ်‌လေးတွေကို ပရိသတ်တွေကို ထပ်တူပျော်ရွှင်စေဖို့အတွက် တင်ပေးလိုက်ပါတယ်နော်။

Source:စမိုင်းလ်

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



