ဆင်ကြီး ရှက်သွေးတွေဖြာရလောက်အောင် ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ…မြန်မာရုပ်သံဇာတ်လမ်းတွဲ လောက မှတဆင့် နာမည်ကြီးအောင်မြင်မှုတွေကို ရရှိလာတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကို သိကြမှာပါ။ ချစ်စရာကောင်းပြီး သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိသူတစ်ယောက်မို့ ပရိသတ်တွေက အချိန်တိုလေးအတွင်းမှာ သတိထားမိခဲ့ပြီး အားပေးမှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာဆိုရင်တော့ နားချိန်မရှိလောက်အောင် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကို မြင်တွေ့ရမှာပါ။

ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးမှာ မစောလတ်အဖြစ် နာမည်ကြီးခဲ့သလို ပုဂံမြေကို အရမ်းချစ်တဲ့ မင်းသမီးချောလေးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ပုဂံနဲ့ ရေစက်ပါလေသလားလို့ ထင်ရလောင်အောင် ပုဂံမြေမှာ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးမှုတွေပြုလုပ်နေတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ချစ်စရာကောင်းပြီး နန်းဆန်လွန်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ပုဂံမြို့မှာရှိတဲ့ ပလင်းစင်စခန်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

 

မြန်မာတို့ရဲ့ အထွတ်အမြတ်ထားတဲ့ ဆင်လိမ္မာလေးတွေ များစွာရှိတဲ့ ပယင်းဆင်စခန်းကိုရောက်ခဲ့တဲ့ မေမြင့်မိုရ်ကတော့ လိမ္မာလွန်းတဲ့ ဆင်လေးတွေကြောင့် နောက်တစ်ခါထပ်ပြီး သွားချင်ပါသေးတယ်လို့ ပြောထားပါသေးတယ်။ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေးကို မြင်တော့ မျိုးစုံအောင် အကတွေအလှတွေနဲ့ ဖျော်ဖြေနေတဲ့ ဆင်လေးတွေရဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:May Myint Mo

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



