ဂုန်းကျော်တံတားအောက်မှာ ပညာသင်ကြားနေရတဲ့ကလေးတွေအတွက် အလှူဒါန ပြုခဲ့တဲ့ LGBTမော်ဒယ် Sinon Loresca

Posted on

မြန်မာပရိသတ်တွေရဲ့ ချစ်ခြင်းများစွာကို ရရှိထားတဲ့ တိုင်းတစ်ပါးနိုင်ငံသား LGBT မော်ဒယ် တစ်ဦးဖြစ်တဲ့ Sinon Lorescaက အရမ်းကို စိတ်ထားမွန်မြတ်တဲ့ မော်ဒယ်တစ်ယောက်ပါ။ ခက်ခဲတဲ့ ဘဝကန အခုလို အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပြီး လူသားချင်းစာနာတတ်တဲ့ Sinon ရဲ့ စိတ်ဓာတ်လေးကြောင့် နုလုံးသားနုတဲ့ မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တခဏလေးအတွင်းမှာ အများအပြားရရှိခဲ့သူတစ်ဦးပါ။

လက်ရှိမှာဆိုရင် မြန်မာနိုင်ငံကို ရောက်နေတဲ့ အချိန်ခဏလေးအတွင်းမှာတင် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပြီး Sinon ရဲ့ ပရိသတ်တွေကတော့ တနေ့ထက်တနေ့ပိုပြီးတော့ တိုးပွားလာခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ အရာတွေကို တတ်နိုင်သလောက်ကူညီပေးရုံသာမက ငွေကြေးချို့တဲ့ တဲ့မိသားစုတွေအတွက် လိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပြီး နှစ်သိမ့်အား‌ပေးတတ်တဲ့ Sinon ရဲ့ ဗီဒီယိုလေးတွေက မြန်မာပရိသတ်တွေရဲ့ စိတ်တွေကို ပိုပြီး နူးညံလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

 

 

အခုလည်း လှည်းတန်း မြေနီကုန်းလို နေရာတွေရဲ့ ဂုန်းကျော်တံတားတွေအောက်မှာ ညဆို ပရဟိတ ဆရာ ဆရာမလေးများစီက ပညာဆည်းပူးသင်ကြားနေကြတဲ့ က‌လေးငယ်လေးတွေအတွက် ကိုယ်တိုင်သွားရောက်ပြီး ကျောင်းသုံးပစ္စည်းတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နေ့ဘက်ဆို ဝမ်းစာအတွက်ရှာဖွေပြီး ပညာဆည်းပူးချင်တဲ့ သူတို့လေးအတွက် စာတွေသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေကို လည်း Sinon ကချီးကျူးခဲ့ပြီး ပီတိဖြစ်ရတဲ့ မြင်ကွင်းလေးတစ်ခုကို CeleZone ပရိသတ်တွေကြီး အတွက် တင်ပေးလိုက်ပြီနော်။

Source:Sinon Loresca

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ဂုန္းေက်ာ္တံတားေအာက္မွာ ပညာသင္ၾကားေနရတဲ့ကေလးေတြအတြက္ အလႉဒါန ျပဳခဲ့တဲ့ LGBTေမာ္ဒယ္ Sinon Loresca

ျမန္မာပရိသတ္ေတြရဲ႕ ခ်စ္ျခင္းမ်ားစြာကို ရရွိထားတဲ့ တိုင္းတစ္ပါးႏိုင္ငံသား LGBT ေမာ္ဒယ္ တစ္ဦးျဖစ္တဲ့ Sinon Lorescaက အရမ္းကို စိတ္ထားမြန္ျမတ္တဲ့ ေမာ္ဒယ္တစ္ေယာက္ပါ။ ခက္ခဲတဲ့ ဘဝကန အခုလို ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္လာခဲ့ၿပီး လူသားခ်င္းစာနာတတ္တဲ့ Sinon ရဲ႕ စိတ္ဓာတ္ေလးေၾကာင့္ ႏုလုံးသားႏုတဲ့ ျမန္မာပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခ်ိန္တခဏေလးအတြင္းမွာ အမ်ားအျပားရရွိခဲ့သူတစ္ဦးပါ။

လက္ရွိမွာဆိုရင္ ျမန္မာႏိုင္ငံကို ေရာက္ေနတဲ့ အခ်ိန္ခဏေလးအတြင္းမွာတင္ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္႐ိုက္ကူးခြင့္ရခဲ့ၿပီး Sinon ရဲ႕ ပရိသတ္ေတြကေတာ့ တေန႔ထက္တေန႔ပိုၿပီးေတာ့ တိုးပြားလာခဲ့ပါၿပီ။ ျမန္မာႏိုင္ငံရဲ႕ လိုအပ္ေနတဲ့ အရာေတြကို တတ္ႏိုင္သေလာက္ကူညီေပး႐ုံသာမက ေငြေၾကးခ်ိဳ႕တဲ့ တဲ့မိသားစုေတြအတြက္ လိုအပ္တာေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းၿပီး ႏွစ္သိမ့္အား‌ေပးတတ္တဲ့ Sinon ရဲ႕ ဗီဒီယိုေလးေတြက ျမန္မာပရိသတ္ေတြရဲ႕ စိတ္ေတြကို ပိုၿပီး ႏူးညံလာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အခုလည္း လွည္းတန္း ေျမနီကုန္းလို ေနရာေတြရဲ႕ ဂုန္းေက်ာ္တံတားေတြေအာက္မွာ ညဆို ပရဟိတ ဆရာ ဆရာမေလးမ်ားစီက ပညာဆည္းပူးသင္ၾကားေနၾကတဲ့ က‌ေလးငယ္ေလးေတြအတြက္ ကိုယ္တိုင္သြားေရာက္ၿပီး ေက်ာင္းသုံးပစၥည္းေတြကို လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ေန႔ဘက္ဆို ဝမ္းစာအတြက္ရွာေဖြၿပီး ပညာဆည္းပူးခ်င္တဲ့ သူတို႔ေလးအတြက္ စာေတြသင္ၾကားေပးေနတဲ့ ဆရာ ဆရာမေတြကို လည္း Sinon ကခ်ီးက်ဴးခဲ့ၿပီး ပီတိျဖစ္ရတဲ့ ျမင္ကြင္းေလးတစ္ခုကို CeleZone ပရိသတ္ေတြႀကီး အတြက္ တင္ေပးလိုက္ၿပီေနာ္။