လူမှုကွန်ယက်တွေမသုံးပေမယ့် ပထမဆုံးအကြိမ်အဖြစ် Live လွှင့်ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ထဲ့ ထက်ထက်မိုးဦး

Posted on

တစ်ချိန်ကကြော်ငြာဘုရင်မလို့နာမည်ကြီးခဲ့တဲ့ ထက်ထက်မိုးဦးကတော့ လက်ရှိမှာ အနုပညာလုပ်တွေပြန်လုပ်နေပြီပဲ ဖြစ်ပါတယ်။ မထက်ရဲ့ပရိသတ်တွေကတော့ မထက်ကို ပိတ်ကားထက်မှာ ထပ်မြင်ရတော့မှာမို့ အပျော်ကြီးပျော်နေကြ ပါတယ်။ ဟိုးအရင်တုန်းကလို အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို တစ်ခါပြန်ပြီးဖမ်းစားဦး မှာပေါ့နော်။

အသက်အရွယ်ရလာပေမယ့် သူမကငယ်တုန်းကလိုပဲ နုပျိုနေဆဲပါပဲ။ လူမှုကွန်ယက်တွေ အသုံးမပြုပဲနေရာကနေ အခုဆို Live လွှင့်ပြီး ပရိသတ်တွေကိုနှုတ်ဆက်ခဲ့ပြီပဲဖြစ်ပါတယ်။ တစ်ယောက်တည်း မိုးကုတ်မှာနေရင်းနဲ့ အခုဆိုရင်တော့ အနုပညာလောကထဲကို လှလှပပနဲ့ ပြန်လည်လျှောက်လှမ်းလာခဲ့ပြီပဲဖြစ်ပါတယ်။

အရင်ကလဲ ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုဆိုရင်တော့ ရိုက်ကူးဖို့အတွက် ဇာတ်ကားနှစ်ကား ရှိနေပြီပဲဖြစ်ပါတယ်။ အားလုံးကိုဖမ်းစားခဲ့ပြီး အလှဘုရင်မရဲ့ တကျော့ပြန် သရုပ်ဆောင်ချက်တွေဟာ အရင်ကလို ထိမိနေဦးမယ်ဆိုတာတော့ အသေအချာပါပဲ။ ပရိသတ်တွေကို ရယ်ရယ်မောမောနှုတ်ဆက်နေတဲ့ သူမရဲ့Live လေးကို လည်း တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Htet Htet Moe Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone