ဆေးသမားတွေကြောင့် အကျဉ်းတန်ခဲ့ရတဲ့ ရခိုင်ကဘုရားတစ်ဆူကို ပြုပြင်မွန်းမံမယ့် အဆိုတော်မိုးမိုး

Posted on

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ မိုးမိုးကတော့ နှင်းဆီအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းနှင်းဆီအငြိမ့်တွေမှာ မပါဝင်တော့ပေမယ့် ယခင်ဖျော်ဖြေခဲ့တဲ့ နှင်းဆီအငြိမ့်တွေမှာ ပရိသတ်တွေကို ရယ်မောအောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့သံစဉ်တွေဟာ လည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ အမြဲလိုလို ထပ်တူကျခဲ့ပါတယ်။

ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးနဲ့သားလေးကိုလည်း အကောင်းဆုံးပြုစု ပျိုးထောင်ပေးနေတဲ့ အရည်အချင်းပြည့်ဝတဲ့ ဖခင်တစ်ဦးပါ။ ဒီတစ်ခေါက်မှာတော့ မိုးမိုးတစ်ယောက် စိတ်မကောင်းစရာ အနေအထားနဲ့ ဘုရားတစ်ဆူရဲ့ပုံရိပ်ကိုတွေ့ရှိပြီနောက်ပြီး ပြုပြင်ဖို့အတွက် ဘုရားရဲ့တည်နေရာကိုမေးမြန်းခဲ့ရာမှ သိသူတွေ ကတော့ ရခိုင်ကဆိုပြီး ပြောပြခဲ့ကြပါတယ်။

အကျင့်ပျက်နေတဲ့ဆေးသမားအချို့မှာ ဘုရားရဲ့ပရဝဏ်အတွင်းမှာ ဆေးသုံးစွဲခဲ့ကြပြီး ဆေးသုံးချိန်မှာ အသုံးပြုတဲ့အမှိုက် တွေကို မရှင်းမလင်းပဲ ထားရစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာဘယ်လိုမှ အမြင့်မသင့်တော်တဲ့လုပ်ရပ်တွေဖြစ်ပြီး ဒီလို အောက်တန်းကျတဲ့အပြုအမူဟာ ဘာသာ သာသနာကိုများစွာထိခိုက်စေတာမို့ မိုးမိုးအနေနဲ့ ဒါကိုပြုပြင်လိုက်ရင် လာရောက် ဖူးမျှော်သူတွေများပြားသွားရင် ဒီလိုဒုစရိုက်သမားတွေလဲ မလာလောက်တော့ဘူးဆိုတဲ့ စိတ်နဲ့ပြုပြင်ချင်တာဖြစ်တယ်လို့ ဆိုပါတယ်။ မွန်မြတ်တဲ့စိတ်ထားလေးကို သာဓုခေါ်ပါတယ်နော်။

Photo – Moe Sithu Kyaw
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Moe Sithu Kyaw
Happy – Cele Zone