ကလေးတွေအတွက်စီစဉ်ရင်းနဲ့ တစ်ရွာလုံးစည်စည်ကားကားဖြစ်ခဲ့ရတဲ့ ဖြူဖြူထွေးရဲ့ ဂိမ်းကစားပွဲ

Posted on

စိတ်ထားဖြူစင်ပြီးရိုးသားတဲ့ရွာသူလေးတစ်ယောက်ကောင်းမှုကြောင့် တစ်ရွာလုံးစိတ်ချမ်းမြေ့ရတဲ့ ဖြစ်စဉ်လေးကတော့ တကယ့်ကိုကြည်နူးစရာပါပဲ။ ငယ်စဉ်ကတည်းက ကိုယ်ကြီးပြင်းလာခဲ့တဲ့ အရပ်ဒေသလေးကို သံယောဇဉ်တွေအပြည့်နဲ့ ကောင်းကျိုးဖြစ်အောင်လုပ်နေတဲ့ ဖြူဖြူထွေးရဲ့ စိတ်ရင်းစေတနာလေးကတော့ တကယ့်ကိုချီးကျူးလောက်စရာပါပဲ။

ဒီတစ်ခေါက်မှာလဲ ဖြူဖြူတစ်ယောက် ရွာက ကလေးတွေအတွက်မုန့်ထုပ်လေးတွေကိုရွက်ပြီး အပြေးပြိုင်ခိုင်းရာကနေ တစ်ရွာလုံး လူကြီးတွေရော လူငယ်တွေရောပါမကျန် ဝိုင်းပြိုင်ကြလို့ တကယ့်ကိုပျော်စရာကောင်းပြီး စည်းကားတဲ့ပွဲလေး ဖြစ်ခဲ့ပါတယ်။ မုန့်အပြင် ဆုကြေးငွေပါ ထပ်ပြီးဆုချမယ်ဆိုတော့ အားလုံးကပျော်ပျော်ကြီးဝင်ပြိုင်ခဲ့ကြတာပါ။

တကယ့်ကိုလွတ်လပ်ရေးနေ့ပြိုင်ပွဲလိုပဲ ကလေးလူကြီးကျားမ မရွေးဝင်ပြိုင်ခဲ့တဲ့ ဒီပွဲလေးဟာ ကြည့်ရှုအားပေးသူတွေလည်း အများအပြားနဲ့ အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်။ ပွဲစီစဉ်သူ ဖြူဖြူထွေးကတော့ ကိုယ့်မြို့ကိုယ့်ရွာကိုရောက်တော့ စိတ်လွတ်ကိုယ်လွတ်နဲ့ ပြိုင်ပွဲဝင်တွေနဲ့အတူ ပျော်နေပုံလေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ တင်ဆက်ပေးလိုက် တယ်နော်။

Video / Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone