ရုပ်ရှင်အထူးပွဲမှာတင်ပဲ ကားတစ်စီးလုံးစာအပြည့် လက်ဆောင်တွေရခဲ့တဲ့ ခီမောင်နှံ

Posted on

ပရိသတ်တွေအားလုံးစောင့်မျှော်နေခဲ့တဲ့ ခီမောင်နှံတို့ရဲ့တတိမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ” Now & Ever (ထာဝရနှောင်ကြိုး) ” ဇာတ်ကားရဲ့ ရုပ်ရှင်အထူးပြပွဲလေးဟာ အားပေးသူပရိသတ်တွေ အပြည့်နဲ့ အရမ်းကိုစည်ကားခဲ့ပါ တယ်။ ရုပ်ရှင်ဇာတ်ကားနဲ့ပက်သက်ပြီး ခံစားရသမျှရသတွေကိုလည်း တစ်ယောက်တစ်မျိုးစီ review လေးတွေရေးခဲ့ကြ ပြီး မှတ်ချက်အားလုံးဟာ ဇာတ်ကားကိုသွားမကြည့်ပဲမနေနိုင်လောက်အောင်ပါပဲ။

ဒီဇာတ်ကားလေးရဲ့ ပထမဆုံးရုပ်ရှင်အထူးပြပွဲမှာပဲ ခီမောင်နှံတို့နှစ်ယောက်သားကို ဂုဏ်ပြုပန်းစည်းတွေ အများအပြား ပေးခဲ့ကြပြီး ပန်းစည်းတွေတော်တော်များများရခဲ့တာမို့ ကားတောင်ပြည့်သွားတဲ့အထိပါပဲ။ အကောင်းဆုံးတွေဖန်တီးပြီး ပရိသတ်တွေကိုချပြခဲ့လို့ ကောင်းတဲ့ရလာဒ်တွေပဲ ပြန်လာခဲ့တာပေါ့နော်။ Congratulation ပါ ခီမောင်နှံရေ။

သူမတို့နှစ်ယောက်လုံးရဲ့ပျော်စရာအခိုက်အတန့်လေးကို ဒါရိုက်တာခရစ္စတီးနားခီက ” မနေ့ကပွဲမှာ အချစ်များစွာ ပေးခဲ့တဲ့ ပန်းပစ္စည်းများစွာကို ရရှိခဲ့တဲ့ အတွက် ပျော်ရွှင်ကျေးဇူးတင်ရပါတယ်နော် လာရောက် ကြည့်ရူ့အားပေးကြတဲ့ ဧည့်ပရိတ်သတ်များ..စာနယ်ဇင်း media များ အားလုံးကို ရင်ထဲကနေ တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ကြောင်းပြောကြားပါရစေ ကျမတို့အားလုံးဟာ အချစ်ကြောင့်သာ ဒီပွဲလေးမှာဆုံစည်း ခဲ့ကြတာမဟုတ်ပါလား ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo – Christina Kyi
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ႐ုပ္ရွင္အထူးပြဲမွာတင္ပဲ ကားတစ္စီးလုံးစာအျပည့္ လက္ေဆာင္ေတြရခဲ့တဲ့ ခီေမာင္ႏွံ ”

ပရိသတ္ေတြအားလုံးေစာင့္ေမွ်ာ္ေနခဲ့တဲ့ ခီေမာင္ႏွံတို႔ရဲ႕တတိေျမာက္႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ” Now & Ever (ထာဝရေႏွာင္ႀကိဳး) ” ဇာတ္ကားရဲ႕ ႐ုပ္ရွင္အထူးျပပြဲေလးဟာ အားေပးသူပရိသတ္ေတြ အျပည့္နဲ႔ အရမ္းကိုစည္ကားခဲ့ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားနဲ႔ပက္သက္ၿပီး ခံစားရသမွ်ရသေတြကိုလည္း တစ္ေယာက္တစ္မ်ိဳးစီ review ေလးေတြေရးခဲ့ၾကၿပီး မွတ္ခ်က္အားလုံးဟာ ဇာတ္ကားကိုသြားမၾကည့္ပဲမေနႏိုင္ေလာက္ေအာင္ပါပဲ။

ဒီဇာတ္ကားေလးရဲ႕ ပထမဆုံး႐ုပ္ရွင္အထူးျပပြဲမွာပဲ ခီေမာင္ႏွံတို႔ႏွစ္ေယာက္သားကို ဂုဏ္ျပဳပန္းစည္းေတြ အမ်ားအျပား ေပးခဲ့ၾကၿပီး ပန္းစည္းေတြေတာ္ေတာ္မ်ားမ်ားရခဲ့တာမို႔ ကားေတာင္ျပည့္သြားတဲ့အထိပါပဲ။ အေကာင္းဆုံးေတြဖန္တီးၿပီး ပရိသတ္ေတြကိုခ်ျပခဲ့လို႔ ေကာင္းတဲ့ရလာဒ္ေတြပဲ ျပန္လာခဲ့တာေပါ့ေနာ္။ Congratulation ပါ ခီေမာင္ႏွံေရ။

သူမတို႔ႏွစ္ေယာက္လုံးရဲ႕ေပ်ာ္စရာအခိုက္အတန႔္ေလးကို ဒါ႐ိုက္တာခရစၥတီးနားခီက ” မေန႔ကပြဲမွာ အခ်စ္မ်ားစြာေပးခဲ့တဲ့ ပန္းပစၥည္းမ်ားစြာကို ရရွိခဲ့တဲ့ အတြက္ ေပ်ာ္႐ႊင္ေက်းဇူးတင္ရပါတယ္ေနာ္ လာေရာက္ ၾကည့္႐ူ႕အားေပးၾကတဲ့ ဧည့္ပရိတ္သတ္မ်ား..စာနယ္ဇင္း media မ်ား အားလုံးကို ရင္ထဲကေန တကယ္ လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ေၾကာင္း ေျပာၾကားပါရေစ က်မတို႔အားလုံးဟာ အခ်စ္ေၾကာင့္သာ ဒီပြဲေလးမွာဆုံစည္း ခဲ့ၾကတာမဟုတ္ပါလား ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Photo – Christina Kyi
Happy – Cele Zone