မေမေ့ခြေထောက်နဲ့လိုက်ဖက်တဲ့ ဖိနပ်လှလှလေးကို ရွေးပြီး ကိုယ်တိုင်စီးပေးနေတဲ့ ပက်ထရစ်ရှာ

Posted on

ရှာရှာလို့ ပရိသတ်တွေ ချစ်စနိုးတဲ့ ခေါ်ခေါ်‌ေနကြတဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာ ပြည်တော်ချစ် လူငယ်အနုပညာရှင်တစ်ယောက်ပါပဲနော်။ အမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးနေတတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူမရဲ့ ပုံစံလေးဟာလည်း ပရိသတ်တွေအချစ်ပိုနေခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်းမှားမယ်မထင်ပါဘူး။

 

 

သူမဟာ လူငယ်ဆိုပေမယ့်လည်း လူကြီးမိဘတွေအပေါ်သိတတ်ရိုသေတတ်သူလေးဖြစ်ပြီးတော့ မိသားစုပေါ်လည်းအမြဲလိုလိုအချိန်ပေးတတ်ပါတယ်။ အထူးသဖြင့် ချစ်ရတဲ့မေမေကို ပိုပြီး အချိန်ပေးတတ်ပြီးတော့ အခုလည်း မေမေနဲ့ အတူ ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ရှိလို့နေပြန်ပါတယ်နော်။ မေမေနဲ့အတူ ဘန်ကောက်မှာ နေရာအနှံ့ လျှောက်လို့လည်ပတ်ရင်းနဲ့ သားအမိနှစ်ယောက်သား shoppingအတူတူထွက်ခဲ့ကြပါ‌ေသးတယ်။

 

ရှာရှာဟာ shoppingထွက်ရင်းနဲ့ မေမေနဲ့အရမ်းကိုလိုက်ဖက်တဲ့ ဖိနပ်လှလှလေးတစ်ရံကိုလည်း ကိုယ်တိုင် စမ်း၀တ်ပေးပြီး မေမေ့ကို လက်ဆောင်၀ယ်ပေးခဲ့ပါသေးတယ်။ မေမေ့အတွက် ရည်စူးပြီးတော့ ကိုယ်တိုင်ရွေး ကိုယ်တိုင်၀တ်ပေးခဲ့တာဖြစ်လို့ မေမေကတော့ သိတတ်လှတဲ့ သမီးအလိမ္မာလေးကြောင့် ကြည်နူးမဆုံးဖြစ်လို့နေမှာ အသေအချာပါပဲနော်။ ကဲ … ရှာရှာကိုယ်တိုင်မျှဝေထားတဲ့ သူမတို့သားအမိနှစ်ယောက်ရဲ့ ကြည်နူးဖွယ်ရာ shoppingပုံရိပ်လေးတွေကို ချစ်ပရိသတ်တို့အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

Source : Sue Sha Naing

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

 

ေမေမ့ေျခေထာက္နဲ႔လိုက္ဖက္တဲ့ ဖိနပ္လွလွေလးကို ေ႐ြးၿပီး ကိုယ္တိုင္စီးေပးေနတဲ့ ပက္ထရစ္ရွာ

 

ရွာရွာလို႔ ပရိသတ္ေတြ ခ်စ္စႏိုးတဲ့ ေခၚေခၚ‌ေနၾကတဲ့ မင္းသမီးေခ်ာေလး ပက္ထရစ္ရွာ ျပည္ေတာ္ခ်စ္ လူငယ္အႏုပညာရွင္တစ္ေယာက္ပါပဲေနာ္။ အၿမဲတမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ေအးေအးေဆးေဆးေနတတ္ၿပီးေတာ့ ပြင့္ပြင့္လင္းလင္းေျပာတတ္တဲ့ သူမရဲ႕ ပုံစံေလးဟာလည္း ပရိသတ္ေတြအခ်စ္ပိုေနခဲ့ရတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုဆိုရင္လည္းမွားမယ္မထင္ပါဘူး။

သူမဟာ လူငယ္ဆိုေပမယ့္လည္း လူႀကီးမိဘေတြအေပၚသိတတ္႐ိုေသတတ္သူေလးျဖစ္ၿပီးေတာ့ မိသားစုေပၚလည္းအၿမဲလိုလိုအခ်ိန္ေပးတတ္ပါတယ္။ အထူးသျဖင့္ ခ်စ္ရတဲ့ေမေမကို ပိုၿပီး အခ်ိန္ေပးတတ္ၿပီးေတာ့ အခုလည္း ေမေမနဲ႔ အတူ ထိုင္းႏိုင္ငံ ဘန္ေကာက္ကိုေရာက္ရွိလို႔ေနျပန္ပါတယ္ေနာ္။ ေမေမနဲ႔အတူ ဘန္ေကာက္မွာ ေနရာအႏွံ႔ ေလွ်ာက္လို႔လည္ပတ္ရင္းနဲ႔ သားအမိႏွစ္ေယာက္သား shoppingအတူတူထြက္ခဲ့ၾကပါ‌ေသးတယ္။

ရွာရွာဟာ shoppingထြက္ရင္းနဲ႔ ေမေမနဲ႔အရမ္းကိုလိုက္ဖက္တဲ့ ဖိနပ္လွလွေလးတစ္ရံကိုလည္း ကိုယ္တိုင္ စမ္း၀တ္ေပးၿပီး ေမေမ့ကို လက္ေဆာင္၀ယ္ေပးခဲ့ပါေသးတယ္။ ေမေမ့အတြက္ ရည္စူးၿပီးေတာ့ ကိုယ္တိုင္ေ႐ြး ကိုယ္တိုင္၀တ္ေပးခဲ့တာျဖစ္လို႔ ေမေမကေတာ့ သိတတ္လွတဲ့ သမီးအလိမၼာေလးေၾကာင့္ ၾကည္ႏူးမဆုံးျဖစ္လို႔ေနမွာ အေသအခ်ာပါပဲေနာ္။ ကဲ … ရွာရွာကိုယ္တိုင္မွ်ေဝထားတဲ့ သူမတို႔သားအမိႏွစ္ေယာက္ရဲ႕ ၾကည္ႏူးဖြယ္ရာ shoppingပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္တို႔အတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။