ဂါရ၀တရားကိုရှေ့ထားကာ ဦးကျော်သူကို နှစ်ယောက်ပေါင်းပြီးသွားကန်တော့ခဲ့ကြတဲ့ အလင်းရောင်နဲ့ရွှေသမီး

Posted on

အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့ကြပြီဖြစ်တဲ့ မင်းသားချော အလင်းရောင်နဲ့ရွှေသမီးတို့ဟာ ဒီနှစ်သီတင်းကျွတ်မှာတော့ သူတို့ရဲ့ ဆရာ ရုပ်ရှင်မင်းသားကြီးကျော်သူကို သွားရောက်ကန်တော့ခဲ့ကြပါတယ်နော်။ နှစ်ယောက်စလုံးဟာ ရုပ်ရှင်အနုပညာလောကနဲ့ မော်ဒယ်လောကမှာ ပရိသတ်တွေပေးတဲ့နေရာတစ်နေရာကို ထိုက်ထိုက်တန်တန်ရရှိထားပြီဖြစ်တဲ့ လူငယ်အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

 

အလင်းရောင်နဲ့ ရွှေသမီးတို့ ဟာ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီးတော့ ဒီနှစ်ထဲမှာပဲရိုက်ကူးပြီးစီးခဲ့တဲ့ ဒါရိုက်တာဦးကျော်သူ ရိုက်တဲ့ ” ဂမ္ဘီရမျက်လုံး “ရုပ်ရှင်ဇာတ်ကားကြီးမှာအတူတူသရုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒါကြောင့် သူမတို့ရဲ့ ဆရာတစ်ဖြစ်လဲ ရုပ်ရှင်မင်းသားကြီးကျော်သူကို မနက်စောစောမှာနှစ်ယောက်ပေါင်းပြီးတော့ ဂါရ၀တရားကိုရှေ့ထားကာ ကန်တော့ခဲ့ကြတာပဲဖြစ်ပါတယ်။

 

” “ဂမ္ဘီရမျက်လုံး” ရုပ်ရှင်ဇာတ်ကားတွင် နေ့စဉ်ရက်ဆက် အပင်ပန်းခံ। မညီးမညူ အနုပညာရှင်များပီသစွာဖြင့် ဇာတ်ကောင်စရိုက်အတိုင်းသရုပ်ဆောင်ပေးခဲ့သော ကျွန်တော်ဧ။် တန်ဖိုးထားချစ်ခင်ခဲ့ရသော ရွှေသား( အလင်းရောင်) နှင့် ရွှေသမီး တို့ နှစ်ဦး… ယနေ့ နံနက်တွင် နာကူ(ရန်ကုန်) သို့လာရောက်ကာ ဂါရ၀တရားရှေ့ထားကာ ကန်တော့ပန်းဆင်ခဲ့ပါသည်။အလင်းရောင်နှင့် ရွှေသမီး တို့ အနုပညာလောကတွင် ဆရာကောင်းသမားကောင်းများ ဖြင့်သာကြုံဆုံခွင့်ရရှိကာ ပရိသတ်ဧ။်အထူးအားပေးမှုကိုလက်ခံရရှိပြီး အအောင်မြင်ဆုံးသရဖူများထပ်ခါထပ်ခါဆွတ်ခူးနိုင်ကြပါစေ “ဆိုပြီးတော့ ဦးကျော်သူကနေ တစ်ဖန်ဆု‌ပြန်ပေးခဲ့ြပန်ပါတယ်။ ကဲ… ဆရာဖြစ်သူကျော်သူကို ရိုရိုသေသေနဲ့ ဂါရ၀တရားရှိစွာသွားရောက် ကန်တော့ ပြီး ကုသိုလ်ယူခဲ့တဲ့ အလင်းရောင်နဲ့ ရွှေသမီးတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

 

Source : Kyaw Thu

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

 

ဂါရ၀တရားကိုေရွ႕ထားကာ ဦးေက်ာ္သူကို ႏွစ္ေယာက္ေပါင္းၿပီးသြားကန္ေတာ့ခဲ့ၾကတဲ့ အလင္းေရာင္နဲ႔ေ႐ႊသမီး

 

အႏုပညာေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ေနခဲ့ၾကၿပီျဖစ္တဲ့ မင္းသားေခ်ာ အလင္းေရာင္နဲ႔ေ႐ႊသမီးတို႔ဟာ ဒီႏွစ္သီတင္းကြၽတ္မွာေတာ့ သူတို႔ရဲ႕ ဆရာ ႐ုပ္ရွင္မင္းသားႀကီးေက်ာ္သူကို သြားေရာက္ကန္ေတာ့ခဲ့ၾကပါတယ္ေနာ္။ ႏွစ္ေယာက္စလုံးဟာ ႐ုပ္ရွင္အႏုပညာေလာကနဲ႔ ေမာ္ဒယ္ေလာကမွာ ပရိသတ္ေတြေပးတဲ့ေနရာတစ္ေနရာကို ထိုက္ထိုက္တန္တန္ရရွိထားၿပီျဖစ္တဲ့ လူငယ္အႏုပညာရွင္ေတြပဲျဖစ္ၾကပါတယ္။

အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ ဟာ အခုေနာက္ပိုင္းမွာဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ဆက္တိုက္ဆိုသလို႐ိုက္ကူးေနရၿပီးေတာ့ ဒီႏွစ္ထဲမွာပဲ႐ိုက္ကူးၿပီးစီးခဲ့တဲ့ ဒါ႐ိုက္တာဦးေက်ာ္သူ ႐ိုက္တဲ့ ” ဂမၻီရမ်က္လုံး “႐ုပ္ရွင္ဇာတ္ကားႀကီးမွာအတူတူသ႐ုပ္ေဆာင္ခဲ့ၾကပါေသးတယ္။ ဒါေၾကာင့္ သူမတို႔ရဲ႕ ဆရာတစ္ျဖစ္လဲ ႐ုပ္ရွင္မင္းသားႀကီးေက်ာ္သူကို မနက္ေစာေစာမွာႏွစ္ေယာက္ေပါင္းၿပီးေတာ့ ဂါရ၀တရားကိုေရွ႕ထားကာ ကန္ေတာ့ခဲ့ၾကတာပဲျဖစ္ပါတယ္။

” “ဂမၻီရမ်က္လုံး” ႐ုပ္ရွင္ဇာတ္ကားတြင္ ေန႔စဥ္ရက္ဆက္ အပင္ပန္းခံ। မညီးမညဴ အႏုပညာရွင္မ်ားပီသစြာျဖင့္ ဇာတ္ေကာင္စ႐ိုက္အတိုင္းသ႐ုပ္ေဆာင္ေပးခဲ့ေသာ ကြၽန္ေတာ္ဧ။္ တန္ဖိုးထားခ်စ္ခင္ခဲ့ရေသာ ေ႐ႊသား( အလင္းေရာင္) ႏွင့္ ေ႐ႊသမီး တို႔ ႏွစ္ဦး… ယေန႔ နံနက္တြင္ နာကူ(ရန္ကုန္) သို႔လာေရာက္ကာ ဂါရ၀တရားေရွ႕ထားကာ ကန္ေတာ့ပန္းဆင္ခဲ့ပါသည္။အလင္းေရာင္ႏွင့္ ေ႐ႊသမီး တို႔ အႏုပညာေလာကတြင္ ဆရာေကာင္းသမားေကာင္းမ်ား ျဖင့္သာႀကဳံဆုံခြင့္ရရွိကာ ပရိသတ္ဧ။္အထူးအားေပးမႈကိုလက္ခံရရွိၿပီး အေအာင္ျမင္ဆုံးသရဖူမ်ားထပ္ခါထပ္ခါဆြတ္ခူးႏိုင္ၾကပါေစ “ဆိုၿပီးေတာ့ ဦးေက်ာ္သူကေန တစ္ဖန္ဆု‌ျပန္ေပးခဲ့ျပန္ပါတယ္။ ကဲ… ဆရာျဖစ္သူေက်ာ္သူကို ႐ို႐ိုေသေသနဲ႔ ဂါရ၀တရားရွိစြာသြားေရာက္ ကန္ေတာ့ ၿပီး ကုသိုလ္ယူခဲ့တဲ့ အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ရဲ႕ ၾကည္ႏူးဖြယ္ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။