ကိုယ့်အပေါ် မကောင်းတဲ့ ယောကျာ်းအတွက် အချိန်ကုန်မခံဘဲ မေမေ့သမီးလေးအတွက်ပဲ ရှင်သန်မယ်ဆိုတဲ့ အေသင်ချိုဆွေ
Posted on
မသိတဲ့သူမရှိလောက်အောင်ကို နာမည်ကျော်ကြားတဲ့ အဆိုတော်မလေး အေသင်ချိုဆွေဟာ လက်ရှိမှာ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ အမေရယ်သမီးရယ်နှစ်ယောက်တည်းနဲ့ပြီးပြည့်စုံတဲ့ သားအမိဆက်ဆံရေးလေးကြောင့်လည်း ပရိသတ်တွေကြားမှာပေါ်ပြူလာဖြစ်လို့နေခဲ့ရပါတယ်။ မေမေတင်မကပဲ သမီးလေးlvyကိုပါ ၀န်ရံအချစ်ပိုနေတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။
သူမဟာ သမီးလေးကို အဖေလိုကော အမေလိုကော စောင့်ရှောက်မှုတွေနွေးထေွးမှု‌ေ‌တွအပြည့်ပေးနိုင်တဲ့ Single Motherတစ်ယောက်ဆိုလည်းမမှားပါဘူး။ မိမိတစ်ယောက်တည်းအားနဲ့ သမီးလေးကို ကြီးပြင်းလာအောင်စောင့်ရှောက်ရတယ်ဆိုပေမယ့် လောကကြီးအ‌ကြောင်းကို သူ့အရွယ်နဲ့သူနားလည်လာအောင် lvyလေးကို အမြဲတမ်းဆုံးမသွန်သင်ပေးတတ်ပါတယ်။ lvyလေးကလည်း မေမေ့စကားဆိုရင် မြေ၀ယ်မကျနားထောင်တတ်တာ‌မို့ မေမေအတွက်တော့ တကယ့်ကို အားဆေးတစ်ခွက်ပါပဲနော်။
” ကိုယ့်အပေါ် မကောင်းတဲ့ ယောကျာ်းအတွက်
အချိန်ကုန်ခံနေမယ့်အစား …ကိုယ့်ရဲ့ မေတ္တာတရားကို အမြဲလိုအပ်နေတဲ့ မေမေ့သမီးလေးအတွက်ပဲ မေမေရှင်သန်မယ် ” ဆိုပြီးတော့ သမီးလေးlvyရဲ့ဘ၀ အဆင်ပြေပြေလေးကြီးပြင်းနိုင်ဖို့ ခွန်အားတွေအပြည့်‌နဲ့ဆိုခဲ့ပြန်ပါတယ်။ မိမိအပေါ် ကောင်းကျိုးမပေးတဲ့ သူတစ်ယောက်အတွက် အချိန်ပေးမနေတော့ဘဲ ချစ်သမီးလေးအတွက် သာအကောင်းဆုံးတွေကို ပေးစွမ်းဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာတရားဟာ အလှဆုံးပဲမဟုတ်လားပရိသတ်တို့ရေ…. ။ကဲ အေသင်တစ်ယောက်လည်း ချစ်ရတဲ့သမီးလေးlvyကို လူလားမြောက်တဲ့အထိ အကောင်းဆုံးပုံဖော်စောင့်ရှောက်နိုင်ပါစေနော်….
Source : Athen Cho Swe
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)