ဆိုကရေးတီးမှာ စန္ဒယားကို ရွှေတံဆိပ် ငွေတံဆိပ်တွေရအောင် သင်ပြပေးခဲ့တဲ့ဆရာကို ဆယ်နှစ်အကြာမှာ သွားရောက်ဂါရဝပြုခဲ့တဲ့ ဝိုင်းလေး

Posted on

လက်ရှိမှာအောင်မြင်နေတဲ့အဆိုတော်ဝိုင်းလေးတစ်ယောက် ငယ်စဉ်က သင်ပြပေးခဲ့တဲ့ ဆရာဖြစ်သူ စန္ဒယား တင်ဝင်းလှိုင်ဆီကို ဆယ်နှစ်ကြာမှပြန်ရောက်ခဲ့ပြီး ဂါရဝပြုရလို့ အရမ်းကိုပျော်ရွှင်နေတဲ့ အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ သူမ ငယ်စဉ်ကတည်းက စန္ဒယားတီးပညာကို ဆိုကရေးတီးမှာ ရွှေတံဆိပ် ငွေတံဆိပ်တွေရအောင်ထိ ထူးချွန်ပြောင်မြောက်စွာ သင်ပြပေးနိုင်ခဲ့တဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

ဂီတလမ်းကြောင်းပေါ်မှာ လျောက်လှမ်းနေရသူမို့ မအားတဲ့အချိန်တွေဟာပိုများပြီး ကိုယ်ပိုင်ဆန္ဒတွေကို အနောက်ပို့ထားရတာမို့ ကိုယ့်ရဲ့သင်ဆရာဆီကို ဆယ်စုနှစ်တစ်ခုကြာမှပဲ ပြန်ပြီးဂါရဝပြုခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကျေးဇူးပြုဖူးတဲ့ ဆရာသမားကိုမမေ့တာလဲ ချစ်ဖို့ကောင်းတဲ့အပြုအမူလေးပါပဲ။ ဒီလိုစိတ်ထားလေးကြောင့် ဒီထက်အများကြီးပိုပြီး အောင်မြင်ပါစေဝိုင်းလေးရေ။

သူမရဲ့ဂါရဝပြုပုံရိပ်လေးတွေကို ” မြန်မာ့ရိုးရာဆိုကရေးတီးမှာ Piano ကို ရွှေတံဆိပ်ငွေတံဆိပ်တွေ ရအောင် သင်ကြားပေး ခဲ့တဲ့ ဘဘ စန္ဒယားတင်ဝင်းလှိုင်ဆီ ၁၀နှစ်ကြာမှ ပြန်ရောက်ဖြစ်တယ် တစ်ခေါက်တစ်ခေါက်ဆုံဖို့ ကြိုးစားသမျှ ခုမှပဲ ဆုံရကန်တော့ရတော့တယ် ကြီးကြီး ဘဘ နဲ့ မိဘကျေးဇူးအရမ်းသိတတ်တဲ့ အစ်မနစ်ယောက် နဲ့ ဝမ်းပန်းတသာ နှုတ်ဆက်လိုက်ပုံများ တော်ရုံဘဘက စိတ်မရှည် သင်ရလွယ်လို့ဆိုပြီး အခက်တွေသင်ပေး အသည်းသန်လိုက်မှတ် ရတာ ကုလားမလေး လူကောင်ကြီးကြီးလာပြီတဲ့ ဟီး အမှတ်တရလေးပါပဲ ဘဘတို့မိသားစု ကျန်းမာပျော်ရွှင်ပါစေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Wint Yee Shunn
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Wint Yee Shunn
Happy – Cele Zone