သူနဲ့ဆိုရင် ကမ္ဘာမြေအနှံ့လျောက်သွားပြီး နေရာတိုင်းမှာ အမှတ်တရတွေချန်ခဲ့မယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

Posted on

အဆိုတော်အောင်လနဲ့ဝိုင်းစုတို့စုံတွဲလေးဟာ အရမ်းကိုလိုက်ဖက်လွန်းပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ နဲ့ရှေ့ဆက်နေခဲ့တာ အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နှစ်ယောက်အတူတူ သီချင်းတွေလည်းဖန်တီးပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ကြည်နူးစရာအခိုက်အတန့်တွေကို အတူတူဖန်တီးပြီး ပျော်စရာအချိန်လေး တွေကို ဖြတ်ကျော်နေကြတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားရဲ့ရွှေလက်တွဲမယ့်သတင်းကိုတော့ အားလုံးကမျှော်လင့်နေကြပြီး လက်ရှိအချိန်ထိတော့ နှစ်ယောက်လုံးက အလုပ်ကိုပဲသေချာအာရုံစိုက်ပြီးလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဝိုင်းစုတစ်ယောက် တရုတ်နိုင်ငံမှာဖျော်ဖြေဖို့အတွက် သွားရောက်ရာမှာ အောင်လတစ်ယောက် ချစ်သူနောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့ပါတယ်။

ဒီနေ့မှာတေ့ာ ဝိုင်းစုက နှစ်ယောက်သားရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ” တိုင်ပေက Yehliu ကျွန်းပေါ်မှာ အမှတ် တရတွေ အများကြီးရှိခဲ့တယ် သူနဲ့ဆိုရင် ကမ္ဘာမြေအနှံ့ လျှောက်သွားမယ် နေရာအနှံ့မှာ အမှတ်တရတွေ ချန်ခဲ့မယ် ပြီးတော့ Photo လှလှလေးတွေ ရိုက်ကြမယ်” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Wine Su Khaing Thein
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)




ဒီနေ့မှာတော့ ဝိုင်းစုက နှစ်ယောက်သားရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ” တိုင်ပေက Yehliu ကျွန်းပေါ်မှာ အမှတ်တရတွေ အများကြီးရှိခဲ့တယ် သူနဲ့ဆိုရင် ကမ္ဘာမြေအနှံ့ လျှောက်သွားမယ် နေရာအနှံ့မှာ အမှတ်တရတွေ ချန်ခဲ့မယ် ပြီးတော့ Photo လှလှလေးတွေ ရိုက်ကြမယ်” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone