JUSTIN BIEBER ရဲ့ သီချင်းကိုကျော်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ G-Fatt နဲ့ ပန်းရောင်ခြယ်တို့ရဲ့ ” ကြိုး ” သီချင်း
Posted on
ပြီးခဲ့တဲ့လပိုင်းလောက်က ဖန်တီးခဲ့တဲ့ G-Fatt ရဲ့ ” ကြိုး ” သီချင်းဟာ အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ နံပါတ်တစ်အဖြစ်နဲ့ စာရင်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Congratulation ပါ G-Fatt ရေ။ ဒီသီချင်းလေးကို ပရိသတ်တွေက စနားထောင်တဲ့အချိန် ကစပြီး အားလုံးရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အရမ်းကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ သီချင်းလေးဟာလည်း အေးအေးလေးနဲ့ အရမ်းကိုနားထောင်ကောင်းပြီး နားထဲစွဲနေခဲ့ပါတယ်။
ဒီနေ့မှာတော့ Myanmar Top 100 List ထွက်လာခဲ့ပြီဖြစ်ပြီး G-Fatt ရဲ့ ” ကြိုး ” သီချင်းဟာဆိုရင် JUSTIN BIEBER ရဲ့ ” 10000 Hours ” သီချင်းကိုကျော်ပြီး နံပါတ်တစ်နေရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက အရမ်းကိုပျော်နေကြပြီး G-Fatt ကလည်း အားလုံကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။
ဒီသီချင်းလေးကိုနားမထောင်ရသေးတဲ့ ပရိသတ်ကြီးလည်း နားထောင်ကြည့်လိုက်ပါဦးနော်။ ချစ်လျက်နဲ့လမ်းခွဲရတဲ့အချိန် မှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်တွေကို သံစဉ်လေးတွေနဲ့ ရေးဖွဲ့ထားတာက ခံစားချက်နဲ့တိုက်ဆိုင်တဲ့သူတွေဆိုရင် တေ့ာ တကယ့်ကိုငြိသွားစေမယ့် သီချင်းကောင်းလေးတစ်ပုဒ်ဆိုတာတော့ အသေအချာပါ။
Photo – G-Fatt
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – G-Fatt
Happy – Cele Zone