နာမည်တူချင်တူရင်တောင် သူမနဲ့ Qualityတူတဲ့ နောက်တစ်ယောက်ဆိုတာ ရှိမလာနိုင်ဘူးဆိုတဲ့ ထက်ထက်ထွန်း

Posted on

ထက်ထက်ထွန်းကတော့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် National Costume ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို အခုဆိုရင်ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးနေတဲ့ မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ Brand တွေနဲ့ပတ်သတ်ပြီး သိပ်အစွဲမရှိတဲ့သူမက ကိုယ့်ကိုယ်ကိုပဲ Brand လို့သတ်မှတ်ထားတယ်လို့ ဆိုလာပါတယ် ။

Brand တွေကိုရူးသွပ်တတ်တဲ့သူတစ်ယောက်မဟုတ်သလို ကိုယ့်ကိုယ်ကို Brand တစ်ခုလို့သတ်မှတ်ထားပြီး ထက်ထက်ထွန်းဆိုတဲ့ Brand က နောက်တစ်ယောက်မရှိနိုင်ဘူး နာမည်တူချင်တူမယ်။ Quality မတူဘူးလို့ တွေးထားတဲ့အတွက် ခန္ဓာကိုယ်မှာဘာ Brand မှမတင်ရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် လို့သူမရဲ့ခံယူချက်လေးကို Cele Zone အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ် ။ သူမ အဖေ ဆုံးမခဲ့သလို သုံးချင်သုံးမဖြုန်းနဲ့ ဆိုတဲ့စကားအတိုင်း အဓိကလိုအပ်တဲ့နေရာတွေမှာ သုံးဖို့မစုထားဘဲနဲ့ ဒါတွေကိုပဲ တပ်မက်ပြီး Brand တွေနောက်လိုက်နေမယ်ဆိုရင်တော့ ဖြုန်းတယ်လို့ ခေါ်တယ်လို့ သူမက ပြောခဲ့တာဖြစ်ပါတယ် ။

ထက်ထက်ထွန်းက သူမဟာ ကပ်စေးနှဲတဲ့ထဲမှာပါသလို အဲ့လောက်ကြီး ဖြုန်းနိုင်တဲ့ အနေထားမှာ မရှိသေးတဲ့အတွက် အဓိက လိုအပ်တဲ့ အိမ်တွေ ကားတွေနဲ့ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ပဲ ကြိုးစားပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ ထက်ထက်ထွန်းရဲ့ စကားလေးကတော့ လူငယ်တွေအတုယူစရာဖြစ်လို့ Interview ဗီဒီယိုလေးကိုလည်း Cele Zone ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/celezonemedia/videos/307318523736743/

Source : Exclusive On Cele Zone
Emily (Cele Zone)