အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုတတ်သလို အမိုက်စား ပါဖောမန့် အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေ ကြားမှာရေပန်းစားတဲ့ ဖြူဖြူကျော်သိန်းကတော့လက်ရှိချိန်မှာ အချစ်ရေးနဲ့ပတ်သတ်တဲ့ သတင်းတွေ ငြိမ်နေပြီး အပျိုကြီးမမ ဖြူဖြူရဲ့ အချစ်ရေးကို ပရိသတ်တွေကလည်း အရမ်းကိုစိတ်ဝင်စားနေကြတဲ့ အကြောင်းရင်းရှိပါတယ် ။ မကြာခင် ပရိသတ်တွေရှေ့ရောက်လာတော့မယ့် Private Dating ဆိုတဲ့ သီချင်းသစ်လေးအတွက် ရိုက်ကူးပုံဖော်နေတဲ့ music video လေးကြောင့် ဖြူဖြူရဲ့ အချစ်ရေးသတင်းတွေ လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ် ။
အချစ်ရေးအနေနဲ့ သူမဒိတ်လုပ်ဖို့ရွေးချယ်တဲ့အခါ အဲ့ဒီလူဟာ လူလွတ်ဖြစ်ဖို့အရေးကြီးပြီး လူလွတ်ဆိုတာ အိမ်ထောင်မရှိတဲ့ သူကိုမှ ပြောတာမဟုတ်ဘဲ တရားဝင်ချစ်သူရည်းစားမရှိဖို့လဲ လိုအပ်တယ်လို့ သူမရဲ့ ခံယူချက်လေးကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ သူအနေနဲ့ ” ရည်းစားရှိခဲ့မယ်ဆိုရင် Long Distance Relationship ဖြစ်နေခဲ့မယ်ဆိုရင်တောင် ဒိတ်ဖို့မပြောနဲ့ ဖြူဖြူ အီစီကလီတောင် မလုပ်ဘူး အီစီကလီလုပ်ဖို့ တစ်ယောက်ယောက်ကိုရွေးလိုက်ပြီဆိုရင်လည်း နှစ်ယောက် သုံးယောက်ပြိုင်မလုပ်ဘူး။ အဲ့လောက်မအားဘူး ” လို့ Cele Zone အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပရိသတ်တွေကိုပြောပြခဲ့တာဖြစ်ပါတယ် ။
သူမက အချစ်ကို ၂၀၀ % ကိုးကွယ်တဲ့ သူတစ်ယောက်ဖြစ်ပြီး အချစ်ကိုအရမ်းဦးစားပေးတာကတော့ သူမရဲ့ Rule ပဲဖြစ်ပါတယ်တဲ့ ။ အသက်အရွယ် အသားအရောင်တွေကသူမအတွက် အရေးမကြီးဘဲ အချစ်ကသာ သူမအတွက် အရေးကြီးဆုံးဖြစ်တယ်လို့လည်း Cele Zone အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ် ။
https://www.facebook.com/celezonemedia/videos/2644998165759467/
Source : Exclusive On Cele Zone
Emily (Cele Zone)