သီတင်းကျွတ်မှာ မိသားစုက iPhone 11 pro max နဲ့ ကန်တော့ခဲ့ကြလို့ အရမ်းကိုပျော်နေတဲ့ ခင်လှိုင်

Posted on

မိသားစုဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ရပ်တည်နေကြတဲ့ နွေးထွေးတဲ့အသိုက်အမြုံတစ်ခု ပါပဲ။ ဒီလိုတန်ဖိုးရှိတဲ့အသိုက်အမြုံလေးတစ်ခုကို ပျော်စရာကောင်းအောင် ဖန်တီးနိုင်ခဲ့တဲ့ ဖေဖေခင်လှိုင်ကို မိသားစု ကလည်း ပြန်လည်ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ခင်လှိုင်တစ်ယောက် သူ့ရဲ့ လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးအဖြစ်ကနေ လက်ရှိမှာဆိုရင် ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အပြည့်အဝ ရရှိနေပြီပဲဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ရပ်တည် လာခဲ့တာ ဆယ်စုနှစ်တစ်ခုစာမက ကြာမြင့်ခဲ့ပြီဖြစ်ပြီး အားပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။

ကြည်နူးစရာကောင်းတဲ့ ဂါရဝပြုပွဲလေးကို ” ကျွန်တော်အရမ်းချစ်တဲ့ မိသားစုက သီတင်းကျွတ် အထိမ်းအမှတ် ကို မထင်မှတ်ထားပဲ အရမ်းလို ချင်နေ တဲ့ ဖုန်းနဲ့ surprise လုပ်ပြီး ကန်တော့ကြလို့ အရမ်းပျော်မိပါတယ် ” ဆိုပြီး ကျေကျေနပ်နပ်နဲ့ ဝေမျှထားတာပဲဖြစ်ပါတယ်။

Photo – Khin Hlaing
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Khin Hlaing
Happy – Cele Zone