ရှုတင်မှာ ကြံကြံဖန်ဖန်ဆော့နေတဲ့ အိချောပိုရဲ့ Video

Posted on

ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ နာမည်ကျော် မင်းသမီး အိချောပို ကတော့ ရိုက်ကွင်းက ရုပ်ရှင်ရိုက်ရင် ကင်မရာမန်းထိုင်ပြီးရိုက်တဲ့ လက်တွန်း လှည်းပေါ်မှာ အထာကျကျထိုင်ပြီး အနောက်ကတွန်းခိုင်းကာ တက်စီးနေတာပဲဖြစ်ပါတယ်။ အသက်အရွယ်ရနေပေမယ့်လည်း ကလေးတစ်ယောက်လို ဆော့တုန်းပဲနော်။

အနက်ရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထားပြီး အမိုက်စားဒေါက်ဖိနပ်ကိုစီးကာ ခုံပေါ်မှာ ကျကျနနထိုင်နေတဲ့သူမကို ဘေးကလူကလှမ်းနောက်ပြီး ” အမရေ ဘယ်သွားမလို့လဲ ” ဆိုပြီး ခပ်နောက်နောက်လေးပြောခဲ့တာကို သူမက ” ဟိုးနားဒီနား ” ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။ စူစူတို့ဆော့ချက်ကတော့နော်။

သူမရဲ့ဒီချစ်စရာ Video လေးကို ” ရှုတင်မှာ သိပ်မဆော့ရှာဘူးနော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ နိုင်ငံကျော် မင်းသမီးလည်း ကလေးစိတ်ဝင်တဲ့အချိန်လေးတော့ ဆော့မှာပေါ့နော်။ ရှုတင်နားတဲ့အချိန်လေး စိတ်လွတ်ကိုယ်လွတ် ပျော်နေတဲ့ စူစူ့ရဲ့ Video လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Ei Chaw Po
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Video / Photo – Ei Chaw Po
Happy – Cele Zone