အိမ်က ကြောင်လေးကို နှိပ်ပေးရင်း အူယားပြီး အတင်းတွေဖက်နမ်းနေတဲ့ ပိုင်တံခွန်

Posted on

မြန်မာနိုင်ငံရဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ မော်ဒယ်မင်းသားချောတစ်ယောက်ဖြစ်တဲ့ပိုင်တံခွန်က ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အရမ်းကို မိုက်တဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ အကြည့်ချင်းဆုံတိုင်း ရင်ခုန်မိလောက်အောင် ဆွဲဆောင်အားပြင်းလွန်းတာကြောင့် ထိုင်းမလေးတွေရဲ့ စိတ်ဝိဉာဉ် ကိုပါ ဖမ်းစားထားနိုင်တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံမှာ ကြော်ငြာတွေများစွာရိုက်ကူးဖို့အတွက် လက်ခံထားပြီး မြန်မာမင်းသားတစ်ဦးအနေနဲ့ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ သူတစ်ယောက်ပါ။ လူသားချင်းစာနာတတ်တဲ့ နှလုံးသားရှိရုံသာမက တိရစ္ဆာန်လေးကို အရမ်းချစ်တတ်တဲ့ ပိုင်တံခွန်က နူးညံသိမ့်မွေ့တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

 

ပိုင်တံခွန်ရဲ့ ချစ်စရာကောင်းလွန်တဲ့ ကြောင်လေးကလည်း ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားပြီး နှုတ်ခမ်းနီမလေးတွေ မနာလိုဖြစ်ရတဲ့သူလေးပါ။ အခုလည်း အိမ်မှာ နေရင်း သူ့ကြောင်လေးကို နှိပ်ပေးနေတဲ့ ပိုင်တံခွန်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာပါ။ ကြောင်လေးကို နှိပ်ပေးနေရင်း အူယားလာပြီး အတင်းတွေဖက်နမ်းနေလို့ ကြောင်လေးတောင် လန့်သွားပါသေးတယ်။ Celezoneပရိသတ်ကြီးအတွက် ပိုင်တံခွန်နဲ့ သူ့ကြောင်လေးရဲ့ ချစ်စရာဗီဒီယိုလေးကို တင်ပေးလိုက်တယ်နော်။

Source:Paing Takhon

NORA:CeleZone

(Zawgyi  ဖြင့်ဖတ်ရန်)



