အချစ်ရဆုံးမောင်လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ နန်းဆုရတီစိုး

Posted on

မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်လေးတွေထဲကတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ် တော် နန်းဆုရတီစိုးက တော့ အဆိုပညာမှာလည်းထူးချွန် သရုပ်ဆောင်စွမ်းရည် တွေနဲ့ လည်းပြည့်စုံတဲ့ အနုပညာရှင်မင်းသမီးချောလေး ပဲဖြစ်ပါတယ်။နန်းဆုကတော့မိသားစုကို အရမ်းခင်တွယ်တတ်တဲ့ မင်းသမီးလေးဆိုလည်းမမှားပါဘူးနော် ။

ချစ်ရတဲ့မောင်လေးနဲ့အတူတူ မကြာခဏ ခရီးတွေထွက်လေ့ရှိပြီး မောင်နှမနှစ်ယောက်တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတယ်ဆိုတာ ပရိသတ်တွေသိပြီဖြစ်မှာပါနော် ။ ဒီနေ့ကတော့ နန်းဆုမောင်လေးရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အချစ်ဆုံး မောင်လေး မွေးနေ့မှာပျော်ရွှင်ပါစေ ကျန်းမာဘေးကင်းပါစေ.. ကိုယ့်အမကို ဒီထက်မက ပိုပိုပြီးချစ်နိုင်ပါစေ အရင်ကဆို တစ်နှစ်တစ်ခါ ဆုံနေကြ.. အခုတော့ covid ကြောင့် သူလည်းပြန်မလာဖြစ် နန်းဆုလည်းသွားလို့မရတော့ အရမ်းလွမ်းနေပါပြီ အရင်ကလို ခရီးတွေတူတူထွက် မုန့်တွေစားပြီး အမှတ်တရတွေဖန်တီးချင်နေပါပြီ.. လွမ်းလို့ အမှတ်တရပုံလေးတွေ အများကြီး စုတင်လိုက်တယ် ဆိုတဲ့စာသားလေးနဲ့အတူ မောင်နှမနှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။

ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ နန်းဆုတို့မောင်နှမ နှစ်ယောက်ကို အရမ်းချစ်ဖို့ကောင်းတယ်လို့မှတ်ချက်တွေပေးနေကြပြီး နန်းဆုမောင်လေးအတွက်လည်း မွေးနေ့ဆုမွန်ကောင်းလေးတွေ ပေးထားကြပါသေးတယ် ။ Cele Zone ပရိသတ်ကြီးကလည်း နန်းဆုမောင်လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေ ပေးခဲ့ပါဦးနော် ။

Source : Nansu Yati Soe
Emily (Cele Zone)