လေလွှင့်တိရစ္ဆာန်လေးတွေ ကြည့်ရင်း တိရစ္ဆာန်လေးတွေကို ကြင်နာဖို့ ဆိုလိုက်တဲ့ ပိုင်တံခွန်

Posted on

လတ်တလော ထိုင်းနိုင်ငံရဲ့ မယ်မဒီလေးတွေကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောပိုင်တံခွန်က အမာခံပရိသတ်များစွာနဲ့ အနုပညာလောကမှာ ရပ်တည်နေသူတစ်ယောက်ပါ။ ကြည့်လိုက်တာနဲ့ ကြွေသွားချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး မြန်မာပရိသတ်တွေရဲ့ အသည်းကျော် မော်ဒယ်မင်းသားချောတစ်ဦး လည်းဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံနဲ့ အတူ အနုပညာလှုပ်ရှားမှုတွေကို ခပ်သွက်သွက်ကြိုးစားလျက်ရှိပြီး ပရိသတ်တွေအတွက် အစွမ်းကုန် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ ပိုင်တံခွန်က အနုပညာမှာ အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်ရုံသာမက စိတ်နှလုံးဖြူစင်လွန်းသူတစ်ယောက်ဆိုတာလည်း ပိုင်တံခွန်ရဲ့ပရိသတ်တော်တော်များများ သိပြီသားပါ။

 

 

တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီး အထူးသဖြင့် ကြောင်လေးတွေကို ချစ်တတ်တဲ့ ပိုင်တံခွန်က Air Asia အဖွဲ့တွေနဲ့ အတူတူ လေလွှင့် တိရစ္ဆာန်လေးတွေရှိတဲ့ နေရာကို သွားရောက်ခဲ့တာပါ။ ပိုင်ရှင်မဲ့နေတဲ့ ခွေးလေးတွေ ကြောင်လေးတွေကို ကြည့်ရင်း တိရစ္ဆာန်လေးတွေကို ညှာတာသနားကြဖို့ ပိုင်တံခွန်က တိုက်တွန်းထားပါသေးတယ်နော်။

 

 

Source: Paing Takhon

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



