မင်းသမီးချောနန်းစန္ဒာလှထွန်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဟန်လေးနဲ့ မြနှင်းရည်လွင်

Posted on

ဇွန်လ(၂၂)ရက်နေ့ဖြစ်တဲ့ ယနေ့ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။MRTV-4ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ပဉ္စလက်ရွာ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ ရေဝတီ အဖြစ်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်ထားခဲ့ပါသေးတယ်။

မင်းသမီးချောလေးနန်းစန္ဒာလှထွန်းကတော့ “အရိပ်၊ ကျွန်တော်အမုန်းဆုံးကျွန်တော်၊ ငွေစက္ကူ(၇)ရွက် အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရင် အောင်မြင်မှုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ယနေ့မှာကျရောက်တဲ့ နန်းစနဓာလှထွန်းရဲက မွေးနေ့ရက်မြတ်လေးကိုတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ မော်ဒယ်သရုပ်တောင်ဟန်လေးက “မွေးနေ့မှာပျော်ရွှင်ပါစေ နန်းရေ ဘုရားတရားအတူ ခေါ်လုပ်တဲ့ သူငယ်ချင်းလေး တစ်ယောက် ကျမမှာ ရှိတယ် ဒီနေ့ သူမွေးနေ့ Happy birthday” နဲ့ ရုပ်ရှင်သရုပ်ဆောင် မြနှင်းရည်လွင်က “Happy Birthday Dear နန်းနန်း Wishing You All The Best with lots of love, မမမြ ” အသီးသီးမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

 

ပရိသတ်ကြီးရေ ဇွန်လ(၂၂)ရက်နေ့ဖြစ်တဲ့ ယနေ့ကတော့ ပရိသတ်အချစ်တော် ရှမ်းတိုင်းရင်းသူ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နန်းစန္ဒာလှထွန်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ဦးနော်။