ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်ခဲ့ပြီဆိုတဲ့ နီလန်း

Posted on

နီလန်းကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်အချစ်တော် အဆိုတော်တစ်ဦးအနေနဲကအောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။ သူဟာ ယနေ့မှာတော့ ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်သွားပြီဖြစ်ပြီး ချစ်သူအတွက် အမှတ်တရရေးစပ်သီဆိုထားတဲ့ “ရူးတော့မယ်”ဆိုတဲ့သီချင်းလေးနဲ့ လွမ်းဆွတ်နေပါတယ်။

အဆိုတော်မလေးနီလန်းရဲ့ ချစ်သူကတော့ နီလန်းတစ်ယောက် Myanmar Idol Season (3) ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်နေစဉ်အတွင်းမှာ ကိုယ့်ကိုကိုယ်သတ်သေသွားတာလည်းဖြစ်ပါတယ်။ နီလန်းကတော့ ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အကြောင်းကို “(22.6.2018) – (22.6.2020) သူ.. လောကကြီးကနေ အပြီးထွက်သွားတာ (ကျွန်မရဲ့ ပထမဦးဆုံးကမ္ဘာကြီးပျက်သွားသလို ခံစားခဲ့တာ) -(2) နှစ်ရှိပြီ ဘဝမှာ မေ့မရတဲ့သူတစ်ယောက်ပေါ့… In Loving Memory of John Cung” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ချစ်သူအတွက် အမှတ်တရရေးစပ်သီဆိုထားတဲ့ “ရူးတော့မယ်”ဆိုတဲ့သီချင်းလေးကို ပြန်လည်ဝေမျှထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်သာမက Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ နီလန်းကတော့ ဇွန်လ(၂၂)ရက်နေ့ဖြစ်တဲ့ ယနေ့ကတော့ သူ့ရဲ့ချစ်သူ လောကကြီးကနေ ထွက်သွားတာ(၂)နှစ်ပြည့်ဖြစ်သလို့ ပထမဦးဆုံးကမ္ဘာကြီးပျက်သွားသလို ခံစားခဲ့တာ (၂)နှစ်ရှိသွားပါပြီတဲ့။ ပရိသတ်ကြီးရေ နီလန်းတစ်ယောက်ကတော့ သူ့ရဲ့ချစ်သူ လောကကြီးကနေ ထွက်သွားတာ(၂)နှစ်ပြည့်သွားပေမယ့်လည်း အခုထိကိုလွမ်းဆွတ်သတိရနေတုန်းပါပဲနော်။