မင်းသမီးချောလေး ပိုင်ဖြိုးသုကို ရင်တွေတုန် လက်တွေတုန်ပြီး အိပ်မရအောင် လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး

Posted on

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ပိုင်ဖြိုးသုက ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ဦးပါ။ နောက်ပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်ရင်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဒါရိုက်တာ ဏကြီးနဲ့အတူ ရွှေလက်တွဲပြီး ချစ်စရာကောင်းတဲ့ အတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူပါ။

လက်ရှိမှာဆိုရင် မင်းသမီးချောလေး ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိပြီး လက်ရှိ ရုံတင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာရရှိထားတာကို မြင်တွေ့ရမှာပါ။ ချစ်စရာကောင်းတဲ့ သုသုက မီရုပ်ရှင်ဇာတ်ကားကြီးအတွက် စွန့်လွှတ်မှုတွေ နစ်နာမှုတွေရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေ အချစ်တွေကြောင့် အကောင်းဆုံး ကြိုးစားရပ်တည်နိုင်ခဲ့သလို ယခုလည်း နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်နေ သူတစ်ယောက်ပါ။

ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးမှုများစွာရရှိပြီး အောင်မြင်ခဲ့တဲ့ ခီ‌မောင်နှံနဲ့အတူ ရိုက်ကူးပုံဖော်ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာ ပရိသတ်တွေကြည့်ရှူခံစားရတော့မှာပါ။ ယနေ့မှာဆိုရင်တော့ Rep Carpet Showကျင်းပပြုလုပ်တော့မှာဖြစ်ပြီး သုသုတစ်ယောက် ရင်တွေဘယ်လောက်ခုန်နေလဲဆိုတာကို “ကိုယ့်စာမေးပွဲအဖြေလွှာကိုယ်ပြန်ဖတ်ခွင့်ရမယ့်ကျောင်းသူလိုပဲ….ညကတည်းကအိပ်မပျော်…ရင်တွေတုန်….လက်တွေလည်းဘာကိုင်ကိုင်မမြဲလွတ်ကျ…..ကြောက်လိုက်တာဗျာ!” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးကော ရင်ခုန်နေကြပြီလား…။

Source:Paing Phyo Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုကို ရင္ေတြတုန္ လက္ေတြတုန္ၿပီး အိပ္မရေအာင္ လုပ္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုက ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္တဲ့ ေနရာတစ္ခုမွာ ရပ္တည္ေနၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို မ်ားစြာရရွိပိုင္ဆိုင္ထားတဲ့ သူတစ္ဦးပါ။ ေနာက္ၿပီး ဇာတ္အိမ္ေကာင္းေကာင္းနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို ႐ိုက္ကူးပုံေဖာ္ရင္း ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနတဲ့ ဒါ႐ိုက္တာ ဏႀကီးနဲ႔အတူ ေ႐ႊလက္တြဲၿပီး ခ်စ္စရာေကာင္းတဲ့ အတြဲေလးအျဖစ္ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနသူပါ။

လက္ရွိမွာဆိုရင္ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသု ပါဝင္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမ်ားစြာရွိၿပီး လက္ရွိ ႐ုံတင္ေနတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္ေတြရဲ႕ အားေပးမႈေတြမ်ားစြာရရွိထားတာကို ျမင္ေတြ႕ရမွာပါ။ ခ်စ္စရာေကာင္းတဲ့ သုသုက မီ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ စြန႔္လႊတ္မႈေတြ နစ္နာမႈေတြရွိခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြ အခ်စ္ေတြေၾကာင့္ အေကာင္းဆုံး ႀကိဳးစားရပ္တည္ႏိုင္ခဲ့သလို ယခုလည္း ေနာက္ထပ္ စိန္ေခၚမႈႀကီးတစ္ခုကို ရင္ဆိုင္ေန သူတစ္ေယာက္ပါ။

ပရိသတ္ေတြရဲ႕ ဝက္ဝက္ကြဲ အားေပးမႈမ်ားစြာရရွိၿပီး ေအာင္ျမင္ခဲ့တဲ့ ခီ‌ေမာင္ႏွံနဲ႔အတူ ႐ိုက္ကူးပုံေဖာ္ထားတဲ့ “ထာဝရေႏွာင္ႀကိဳး” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ မၾကာခင္မွာ ပရိသတ္ေတြၾကည့္ရႉခံစားရေတာ့မွာပါ။ ယေန႔မွာဆိုရင္ေတာ့ Rep Carpet Showက်င္းပျပဳလုပ္ေတာ့မွာျဖစ္ၿပီး သုသုတစ္ေယာက္ ရင္ေတြဘယ္ေလာက္ခုန္ေနလဲဆိုတာကို “ကိုယ့္စာေမးပြဲအေျဖလႊာကိုယ္ျပန္ဖတ္ခြင့္ရမယ့္ေက်ာင္းသူလိုပဲ….
ညကတည္းကအိပ္မေပ်ာ္…ရင္ေတြတုန္….လက္ေတြလည္းဘာကိုင္ကိုင္မၿမဲလြတ္က်…..ေၾကာက္လိုက္တာဗ်ာ!” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္ထားတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ပရိသတ္ႀကီးေကာ ရင္ခုန္ေနၾကၿပီလား…။