ဘယ်သူနဲ့ သဘောတူလဲ ဆိုပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ လူပျိုကြီးယုန်လေး

Posted on

ပရိသတ်တွေကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိတိုင်း ဒဲ့တိုးပြောတတ်တဲ့ ဒါရိုက်တာတစ်ဦးအဖြစ် လူသိများတဲ့ ဒါရိုက်တာ ယုန်လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးပါ။ ယခင်အချိန်က ပရိသတ်တွေအရမ်းကို ကြိုက်ရတဲ့ Rapperတစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ယုန်လေးက ယခုအချိန်မှာတော့ အမိုက်စားရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေအတွက် ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီ။

ဖော်ဖော်ရွေရွေနေတတ်ပြီး ရိုင်းပင်းကူညီသင့်သူကို လက်တွဲခေါ်တတ်တဲ့ ဖြူစင်တဲ့ စိတ်ထားရှိသူတစ်ယောက်မို့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာဆိုရင်လည်း Underground က အရည်အချင်းရှိတဲ့ လူငယ်တွေရဲ့ ဘဝတွေကို ပုံဖော်ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေမကြာခင်မှာကြည့်ရှူခံစားရတော့မှာပါ။

အမြဲနောက်နောက်ပြောင်ပြောင်နဲ့ယခုချိန်ထိ လူပျိုကြီးဘဝနဲ့ အလုပ်တွေကြိုးစားနေတဲ့ ယုန်လေးက ပရိသတ်တွေကို “ဘယ်သူနဲ့ သဘောတူလဲ Ar T က လာလုနေသေးတယ်” ဆိုပြီး ချစ်စရာကောင်းတဲ့ ဒေဝီလေး နှစ်ယောက်နဲ့ အတူ တွဲရိုက်ထားတဲ့ ပုံလေးကို တင်ထားတာပါ။ ဒီတော့ Celezone ပရိသတ်ကြီးလည်း ရွေးရခက်နေတဲ့ ယုန်လေးကို ဘယ်သူနဲ့ ပိုလိုက်တယ်ဆိုတာ ပြောပြပေးလိုက်ပါအုံးနော်။

 

Source:Yone Lay

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



