Project K အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကြောင့် စင်ပေါ်မှာ ရှက်သွေးဖြာနေတဲ့ ဖိလစ်ပိုင် မော်ဒယ်လေး Sinon Loresca

Posted on

မြန်မာပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျကြိုဆိုခြင်းကိုခံရပြီး အချစ်တွေများစွာကို အပိုင်သိမ်းသွားတဲ့ LGBTမော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Lorescaက လက်ရှိမှာ မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်‌ယောက်ပါ။ Sinon Loresca ရဲ့ ချစ်စရာကောင်းပြီး ဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့် မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးတွေကို ခြွေယူနိုင်ခဲ့တဲ့ သူလေးပါ။

လက်ရှိမှာဆိုရင် Sinon Lorescaက မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အား‌ပေးမှုတွေနဲ့ အတူ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ။စိတ်ဖြူ ကိုယ်နုဆိုသလို ဗလကြီးတွေနဲ့ ယောကျာ်းလေးတစ်ယောက်လို Smartကျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး တလုံးတခဲ ကြီးနဲ့ ပရိသတ်တွေအမြင်မှာတော့ အရမ်းကို ချစ်စရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ပါ။

ယခုလည်း ပွဲတစ်ခုမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် အနုပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Project K အဖွဲ့နဲ့တူ စင်မြင့်ထက်မှာ Perfromance အပြည့်ထုတ်ပြခဲ့တာကို မြင်တွေ့ရမှာပါ။ သီချင်းဆိုရင် Sinon Lorescaကို ဝိုင်းပြီး လုနေကြတဲ့ Project K အဖွဲ့ဝင်ချောချောလေးတွေကြောင့် Sinon တစ်ယောက် စင်မြင့်ထက်မှာ ရှက်သွေးတွေဖြာနေတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source: Sinon Loresca

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



