ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ နေခြည်ဦးနဲ့ အလင်းရောင်တို့ရဲ့ဆက်ဆံရေး

Posted on

ပရိသတ်ကြီးရေ .. မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ပြီး အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာသေးမီကမှ ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့ပြီးနောက်မှာတော့ သူမရဲ့ အချစ်ရေး သတင်းတွေဟာ ငြိမ်နေခဲ့တာဖြစ်ပါတယ် ။

လတ်တလောမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမှုနှုန်း မြင့်တက်သွားစေတဲ့ မိုင်ဒေး တစ်ခုကို မော်ဒယ်လ်မင်းသားချောလေး အလင်းရောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့ပါတယ် ။ အမိုက်စားမီးရောင်တွေ အောက်မှာ နေခြည်ဦးနဲ့အတူ အနမ်းတွေ ဖလှယ်နေတဲ့ ဗီဒီယိုအပိုင်းအစလေး တစ်ခုဖြစ်ပြီး ပရိသတ်တွေက နေခြည်ဦးနဲ့ အလင်းရောင်တို့ စုံတွဲခုတ်နေကြပြီလားဆိုပြီး စိတ်ဝင်စားနေကြတာဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေ အများအပြားရဲ့ ဝန်းရံခြင်းခံရနေရတဲ့ အလင်းရောင်ရဲ့ ပရိသတ်တွေကလည်း ဒီ Myday ကြောင့် လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပါပြီ ။

ပရိသတ်အချို့ကတော့ သူတို့နှစ်ယောက်ကို လိုက်ဖက်တယ်လို့ ပြောနေကြပေမယ့် အချို့ပရိသတ်တွေကတော့ သဘောမတူဘူးလို့ ဝေဖန်နေကြတာလည်းတွေ့ရပါတယ် ။ ဒါပေမယ့် တရားဝင် ထုတ်မပြောလာသေးတဲ့အတွက် သူတို့တကယ်ပဲတွဲနေကြလား ဆိုတာကတော့ ပရိသတ်တွေ ဇေ၀ ဇဝါ ဖြစ်စရာပါပဲ ။ Cele Gabar ပရိသတ်ကြီးရောဘယ်လိုမြင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : A Lin Yaung
Emily (Cele Gabar )