မြင်သူတိုင်းကြည်နူးပြီး အချစ်တွေပိုလာစေမယ့် စမိုင်းလ်ရဲ့ Fan Meet ပွဲဗီဒီယိုလေး

Posted on

အနုပညာလောကမှာ အောင်မြင်မှုတွေကို များစွာရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ စမိုင်းလ်က လက်ရှိမှာ မိန်းကလေးတိုင်း အားကျရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ စံပြအနေနဲ့ အမြဲနေရာယူထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

ယခုဆိုရင် ချစ်စရာကောင်းပြီး ထက်မြတ်တဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အပြင် အရမ်းချစ်ပြီး အလိုလိုက်ပေးတဲ့ ပါရမီဖြည့်ဖက်ဖြစ်တဲ့ ချစ်ခင်ပွန်းကို ပိုင်ဆိုင်ထားတာတောင် ကံကောင်းတဲ့ မင်းသမီးချောလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်‌ယောက်ပါ။ အလှူရေစက် လက်နဲ့မကွာဆိုသလိုပဲ စမိုင်းလ်တို့ မိသားစုလေးက အချိန်အားရင်အားသလို အလှူတွေမျိုးစုံ တက်ညီလက်ညီနဲ့လည်း လုပ်လေ့ရှိလို့ ပရိသတ်တွေက ချစ်ပြီးရင် ချစ်နေရတဲ့ မိသားစုလေးပါ။

 

မိသားစုအပေါ်မှာလည်း မိခင်တစ်ယောက်တာဝန်ကျေပွန်သလို ပရိသတ်တွေအပေါ်မှာလည်း အနုပညာရှင်တစ်ယောက်ပီသတဲ့ စမိုင်းလ်ရဲ့ မကြာသေးခင်က ပြုလုပ်သွားတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးမှာ အရမ်းကို ချစ်စရာကောင်းနေတဲ့ စမိုင်းလ်တို့မိသားစုလေးကို မြင်တွေ့ရမှာပါ။ စမိုင်းလ်ရဲ့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွင်စရာအချိန်လေးတွေဘယ်လိုကုန်ဆုံးခဲ့လဲ ဆိုတာကိုတော့ အောက်ကဗီဒီယိုလေးမှာ ဆက်ကြည့်လိုက်အုံးနော်။

Source:စမိုင်းလ်

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ျမင္သူတိုင္းၾကည္ႏူးၿပီး အခ်စ္ေတြပိုလာေစမယ့္ စမိုင္းလ္ရဲ႕ Fan Meet ပြဲဗီဒီယိုေလး

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို မ်ားစြာရရွိထားတဲ့ မင္းသမီးတစ္ဦးျဖစ္ခဲ့တဲ့ စမိုင္းလ္က လက္ရွိမွာ မိန္းကေလးတိုင္း အားက်ရတဲ့ ဘဝေလးကို ပိုင္ဆိုင္ထားတဲ့ သူတစ္ဦးျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆက္မလုပ္ျဖစ္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာေတာ့ စံျပအေနနဲ႔ အၿမဲေနရာယူထားတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။

ယခုဆိုရင္ ခ်စ္စရာေကာင္းၿပီး ထက္ျမတ္တဲ့ သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ အျပင္ အရမ္းခ်စ္ၿပီး အလိုလိုက္ေပးတဲ့ ပါရမီျဖည့္ဖက္ျဖစ္တဲ့ ခ်စ္ခင္ပြန္းကို ပိုင္ဆိုင္ထားတာေတာင္ ကံေကာင္းတဲ့ မင္းသမီးေခ်ာေလးအျဖစ္ ပရိသတ္ေတြၾကားမွာ ေရပန္းစားသူတစ္‌ေယာက္ပါ။ အလႉေရစက္ လက္နဲ႔မကြာဆိုသလိုပဲ စမိုင္းလ္တို႔ မိသားစုေလးက အခ်ိန္အားရင္အားသလို အလႉေတြမ်ိဳးစုံ တက္ညီလက္ညီနဲ႔လည္း လုပ္ေလ့ရွိလို႔ ပရိသတ္ေတြက ခ်စ္ၿပီးရင္ ခ်စ္ေနရတဲ့ မိသားစုေလးပါ။

မိသားစုအေပၚမွာလည္း မိခင္တစ္ေယာက္တာဝန္ေက်ပြန္သလို ပရိသတ္ေတြအေပၚမွာလည္း အႏုပညာရွင္တစ္ေယာက္ပီသတဲ့ စမိုင္းလ္ရဲ႕ မၾကာေသးခင္က ျပဳလုပ္သြားတဲ့ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံပြဲေလးမွာ အရမ္းကို ခ်စ္စရာေကာင္းေနတဲ့ စမိုင္းလ္တို႔မိသားစုေလးကို ျမင္ေတြ႕ရမွာပါ။ စမိုင္းလ္ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပရိသတ္ေတြနဲ႔အတူ ေပ်ာ္႐ြင္စရာအခ်ိန္ေလးေတြဘယ္လိုကုန္ဆုံးခဲ့လဲ ဆိုတာကိုေတာ့ ေအာက္ကဗီဒီယိုေလးမွာ ဆက္ၾကည့္လိုက္အုံးေနာ္။