ဒါရိုက်တာမောင်မျိုးမင်းကိုကန်တော့ပြီးနောက် ကြီးစဉ်ငယ်လိုက် ပြန်ကန်တော့ခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားတွေ

Posted on

ပရိသတ်တွေကိုရယ်မောစရာတွေနဲ့အမြဲတင်ဆက်ပေးနေတဲ့ နှင်းဆီအဖွဲ့သားတွေကတော့ နှင်းဆီရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဒါရိုက်တာမောင်မျိုးမင်းကို လူစုံတက်စုံသွားရောက်ကန်တော့ခဲ့ကြပြီး အဖွဲ့ထဲကအသက်ပိုကြီးတဲ့သူတွေကို ငယ်တဲ့သူတွေက ပြန်ကန်တော့ခဲ့ကြပါတယ်။ အပြန်အလှန် Respect လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ နှင်းဆီအဖွဲ့လေးပါပဲ။

ပျော်ပျော်ရွှင်ရွှင် စစနောက်နောက်နဲ့ ကြည်နူးစရာကောင်းတဲ့ ဒီအဖွဲ့လေးဟာ ကပြဖျော်ဖြေရာကနေ ရရှိတဲ့အကျိုးအမြတ် တွေကို လိုအပ်နေတဲ့နေရာတွေကို စဉ်ဆက်မပြတ်လှူဒါန်းနေသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့အနုပညာစွမ်းအားနဲ့ ဖန်တီးရယူနိုင်ခဲ့တဲ့ အခွင့်အလမ်းတွေကို လိုအပ်နေသူတွေဆီ အရောက်ပို့ပေးခဲ့တာဟာလည်း တကယ့်ကိုအမွန်မြတ်ဆုံး အလုပ်ပါပဲ။

ဦးမျိုးကိုဂါရဝပြုပြီးနောက် အပြန်အလှန်ဂါရဝပြုနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မင်းမော်ကွန်းတစ်ယောက် ” ဦးမျိုးကို ကန်တော့ရင်း ကြီးစဉ်ငယ်လိုက် ကန်တော့ကြတာ ပျော်စရာ ညပါ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာ ကြည်နူးစရာ နှင်းဆီအဖွဲ့ရဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Shwe Poe Eain
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Shwe Poe Eain
Happy – Cele Gabar