ဘဲအလန်းလေးမို့ အနားသွားပြီးရှိတ်ခါမှ တလွဲဖြစ်ရတဲ့ ပိုပိုနဲ့ ဆူဇီတို့ရဲ့ ဟာသဗီဒီယို

အမြဲလိုလို Tik Tok ကစားတဲ့ပိုပိုတစ်ယောက် ဒီနေ့မှာတော့ ဟာသဗီဒီယိုလေးတစ်ခုကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ သူမနဲ့ဆူဇီ နှစ်ယောက်သား ကောင်ချောလေးတစ်ယောက်ကို မြင်တော့ စိတ်ဝင်စားတာနဲ့ အနားသွားပြီး ဖေ့ဘွတ်ခ်အကောင့်တောင်းတဲ့အချိန်မှာ တစ်ဖက်အမျိုးသားဟာ အခြောက်ဖြစ်နေပြီး ချစ်သူကိုစောင့်နေတယ်ဆိုတဲ့ပုံစံနဲ့ ခပ်ချေချေ ဆက်ဆံလိုက်တဲ့ပုံ ရိုက်ကူးထားတာဖြစ်ပါ တယ်။

ဒီဗီဒီယိုအတိုလေးကို ပရိသတ်တွေကလည်း အရမ်းကိုသဘောကျနေခဲ့ကြပါတယ်။ LGBT ဆိုတာလည်း ပျော်စရာအသိုက်အဝန်းလေး တစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်အကန့် လေးတစ်ခုမှ သိက္ခာရှိရှိရပ်တည်နေသူတွေလည်းရှိသလို သာမာန်လူတွေလိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြ တဲ့သူတွေလည်းအများပါပဲ။ LGBT ကို ဝေဖန်သူတွေရှိသလို ထောက်ခံ့သူတွေကလည်း အများအပြားပါပဲ။ LBGT အသိုင်းအဝန်းမှာ အောင်မြင်သူတွေဟာလည်း တကယ့်ကို သျှမ်းသျှမ်းတောက်ပါပဲ။

ပိုပိုကတော့ ဒီဗီဒီယိုလေးကို ” ဘဲလေးတွေ ချောပြီဆို သတိထား ” ဆိုပြီး ဝေမျှခဲ့တာပါ။ ကြည့်ရှုသူတွေလည်း အပြုံးကိုယ်စီနဲ့ပျော်ရွှင် ရသလို ဖန်တီးသူတွေကလည်း ရယ်မောပြီး ပျော်ပျော်ရွှင်ရွှင်ဖန်တီးခဲ့ကြတာအသေအချာပါပဲ။ ဒီဗီဒီယိုလေးဟာ ကြည့်ရှုသူ ငါးသောင်း ကျော်သွားခဲ့ပြီဖြစ်ပြီး လူကြိုက်များတဲ့ဗီဒီယိုလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Po Po

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Po Po

error: Content is protected !!