ပီပြင်လွန်းတဲ့မိတ်ကပ်ပြင်ဆင်မှုကြောင့် ပရိသတ်တွေရင်ထိတ်ခဲ့ရတဲ့ ရွှေပိုးအိမ်ရဲ့ပုံရိပ်တစ်ချို့

Posted on

အနုပညာသမားဆိုတာ ဆေးစက်ကျရာအရုပ်ထင်ရစမြဲမို့ ရွှေပိုးအိမ်ဟာလည်း သူမရိုက်ကူးမယ့် ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်နဲ့ထပ်တူကျစေရန် sfx makeup နဲ့ ပြင်ဆင်ထားတဲ့ သူမရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပီပြင်လွန်းတဲ့ မိတ်ကပ်ပြင်ဆင်မှုကြောင့် သူမကိုယ်တိုင်တောင် မကြည့်ချင်လောက်အောင် ဖြစ်ခဲ့ပါတယ်တဲ့ပရိသတ်ကြီးရေ။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဖော်ရမယ့်အနုပညာသမားဖြစ်တာမို့ သူမကတော့ ကိုယ့်အလုပ်ကိုမငြီးမငြူပဲ အကောင်းဆုံးလုပ်ဆောင်ရင်း ပျော်ရွှင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီ Makeup Look လေးနဲ့ Tik Tok Video လေးတောင် ရိုက်ကူးခဲ့ပါသေးတယ်။ ရိုက်ကွင်းပေါ်က ရွှေပိုးရဲ့ကြိုးစားမှုတွေက ပရိသတ်တွေရှေ့ကို ပုံစံအသစ်တစ်ခုနဲ့ ရောက်လာမယ်ဆိုတာတော့ အသေအချာပါပဲ။

တကယ့်အပြင်က လက်တွေ့နဲ့တူအောင်ပြင်ဆင်ရတဲ့ sfx makeup ရဲ့ လက်ရာအောက်မှာ တကယ်ရင်ထိတ်စရာပုံရိပ်တွေ က သူမရဲ့ဇာတ်ရုပ်ကိုပိုပြီးပီပြင်စေမှာပါ။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလိုလုပ်နေရတဲ့ ရွှေပိုးတစ်ယောက် သူမရဲ့ခြေလှမ်းသစ်အနေနဲ့ ဘယ်လိုဇာတ်ကားမျိုးလေးနဲ့ ပရိသတ်တွေရှေ့ကိုရောက်လာမယ်ဆိုတာတော့ စောင့်မျှော် ရမှာပေါ့နော်။

Photo – Shwe Poe Eain
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Shwe Poe Eain
Happy – Cele Gabar