ညကြီးမင်းကြီး လူလိမ်ခံလိုက်ရတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း

Posted on

ခင်ပွန်းကိုသိပ်ချစ်တဲ့နန်းမြတ်တစ်ယောက် ကိုယ့်ခင်ပွန်းကိုပျော်ရွှင်အောင် Birthday Surprise လေး လုပ်ပေးလိုက်တဲ့ အကြောင်းကို သူမရဲ့လူမှုကွန်ယက်မှာဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ မွေးနေ့မှာ နှစ်ယောက်တည်းညစာသွားစားမယ်လို့ ခေါ်ပြီးမှ ခင်မင်ရသူ သူငယ်ချင်းတွေအုပ်လိုက်နဲ့ ပျော်ပျော်ကြီး Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မွေးနေ့အမှတ်တရလေးကြောင့် ကိုတာတာမျိုးတစ်ယောက် လက်တွေတောင်တုန်နေပါသတဲ့ပရိသတ်ကြီးရေ။

မိသားစုရဲ့တံတိုင်းတစ်ခုဖြစ်တဲ့ အိမ်ထောင်ဦးစီးကို စိတ်ချမ်းသာကိုယ်ကျန်းမာအောင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝလေးဖန်တီးရမှာ အိမ်ထောင်ရှင်မတိုင်းရဲ့တာဝန်ပဲမို့ နန်းမြတ်ကတော့ တာဝန်ကျေတဲ့ ဇနီးသည်တစ်ယောက်ဖြစ်ခဲ့ပါ တယ်။ ချစ်စရာကောင်းတဲ့ သားလေးဟာ ခြောက်လကျော်လာပြီဖြစ်ပြီး ဖေဖေမေမေ အမောပြေလေးဖြစ်လို့နေပါတယ်။

ခင်ပွန်းသည်ကို Surprise လုပ်လိုက်တဲ့ပုံရိပ်လေးတွေကို ” ညကJackJackဖေဖေလူလိမ်ခံလိုက် ရတယ် ၂ယောက်တည်း သွားစားမယ်ဆိုပီးလိမ်ခေါ်လိုက်တာဟိုရောက်တော့ ပျော်လို့ လက်တွေတောင်တုန်တယ်ဆိုပဲ မိန်းမကိုပိုချစ်ပါ ဒါပဲပြောမယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ Happy Birthday ပါ ကိုတာတာမျိုးရေ။

Photo – Nan Myat Phyo Thin
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Gabar