lvyလေးနဲ့အတူ ကလေးကြီးလုပ်ကာ ပျော်ပျော်ပါးပါး ဆော့ကစားနေတဲ့ မေမေ ‌အေသင်ချိုဆွေ
Posted on
ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲလောက်အောင် ကောင်းတဲ့ သံစဉ်ချိုချိုလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေးအေသင်ချိုဆွေဟာနာမည်ကျော် စတူဒီယိုတေးသံရှင်တစ်ဦးပါ။ သူမဟာ လမ်းရှိမှာဆိုရင် အရမ်းကို ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေး lvyကိုပိုင်ဆိုင်ထားရတဲ့မိခင်တစ်ယောက် ဖြစ်လို့နေပါပြီနော်။
Single Motherဆို။ပေမယ့် သမီးလေးကို အဖေလိုတစ်မျိုး အမေလိုတစ်မျိုးစောင့်ရှောက်ကာ နွေးထွေးမှုတွေပေးနေခဲ့ပါတယ်။ သူမဟာ အလုပ်တွေနဲ့ တစ်ဖက်မအားလပ်တဲ့ အချိန်ခလးတွေမှာတောင် သမီးလေးကို အချိန်ပေးနိုင်ဖို့အမြဲတမ်းကြိုးစားတတ်ပြီး သူမအတွက်ဆိုရင် သမီးလေးlvyဟာ အစွမ်းထက်ဆုံးအားဆေးလေးတစ်ခွက်ဖြစ်လို့နေခဲ့ပါတယ်။ အေသင်ဟာ lvyလေးနဲ့ ကစားထားတဲ့ ဗီဒီယိုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို မကြာခဏ တင်လေ့ရှိပြီးတော့ အခုလည်း သမီးလေးနဲ့ဆော့ထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုမျှဝေထားတာတွေ့ရပြန်ပါတယ်နော်။
အားလပ်ချိန်လေးမှာ သမီးလေးနဲ့အတူ အိမ်ထဲမှာဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကိုတင်ပေးခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေလည်း သူမတို့သားအမိကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။
အေသင်ဟာ သမီးလေးနဲ့အပြိုင် ကလေးလို လိုက်ဆော့ပေးနေတဲ့ အတွက် lvyလေးကလည်း အရမ်းပဲပျော်နေခဲ့ပြီးတော့ အူမြူးပြီးနှစ်‌ေယာက်‌ေပါင်းကာ ဆော့ကစားနေခဲ့ပါတယ်။ ကလေးထိန်းရင်း သမီးလေးကို အချိန်ပေးဖြစ်နေတဲ့ အေသင်ကတော့ အိုင်ဗီကြီးနဲ့ အိုင်ဗီလေးဆိုပြီးတော့ ဒီဗီဒီယိုလေးကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ကဲ…အေသင်တစ်ယောက် lvyလေးနဲ့အပြိုင်ဘယ်လိုတွေဆော့ထားလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်…..
Source : Athen Cho Swe
Steven : CeleZone
(Zawgyiဖြင့် ဖတ်ရန်။)