ချစ်သက်လေးရဲ့ အိုက်တင်တွေအပြည့်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ပြထားတဲ့ ခြူးလေးရဲ့Tik Tok
Posted on
အမိုက်စားTik Tokလေးတွေကို သူမတူအောင်ကစားတတ်ပြီးတော့ လူငယ်ပရိသတ်တွေကြားမှာရေးပန်းစားလို့နေတဲ့ မင်းသမီးချောလေးကတော့ ခြူးလေးပဲဖြစ်ပါတယ်။ မျက်နှာခပ်ဝိုင်း‌ဝိုင်းလေးရယ် ပြည့်ဖောင်းနေတဲ့ ပါးမို့မို့လေးတွေရယ်ကြောင့် ပုရိသပရိသတ်တွေတင်သာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အား‌ေပးမှုတွေကိုပါရရှိထားတဲ့ လူငယ်အနုပညာရှင်လေးတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။
MRTV-4ရုပ်သံဇာတ်လမ်းတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှာကိုသိမ်းပိုက်ရရှိထားတဲ့ ခြူးလေးဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာအခြေတကျ လျှောက်လှမ်းလို့နေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ရတာလည်း အရမ်းဝါသနာပါပြီး ပါရမီလည်းရှိတဲ့ ခြူးလေးဟာ အမြဲတမ်း Tik Tokလေးတွေကို ကစားတတ်ပြီးတော့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကိုမြှင့်တင်လေ့ရှိပါတယ်နော်။ အမြဲတမ်းလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ Tik Tokလေးတွေက ပရိသတ်တွေကို ဘ၀အမောတွေပြေစေခဲ့ပါတယ်။
အခုလည်း ချစ်သက်လေးရဲ့ ဟန်ပန်အမူအရာတွေအပြည့်နဲ့ သခင်ကြီးနှင့်ငါးပိတို့စရာ ဆိုတဲ့ ဇာတ်ကြမ်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်၀င်ခန်းတစ်ခုကို ပီပီပြင်ပြင်သရုပ်ဆောင်ပြီးTik Tok လေးကစားခဲ့ပြန်ပါတယ်။ အစကတည်းက သရုပ်ဆောင်ကောင်းတဲ့ သူလေးမို့ အိုက်တင်တွေကလည်း ရုပ်ရှင်ဇာတ်ကားထဲကနဲ့မခြားကောင်းလွန်းလှပါတယ်နော်။ ကဲ… ချစ်သက်လေးလို ခပ်မိမိအိုက်တင်လေးတွေနဲ့ Tik Tokကစားထားတဲ့ ခြူးလေးရဲ့ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….
Source: Chue Chue
Steven : CeleZone
(Zawgyiဖြင့် ဖတ်ရန်။)