သမီးလေးကိုယ်ဝန်ဆောင်ထားရတာကြောင့် အရမ်းကိုနုပြီးချောလွန်းနေတဲ့ သဉ္ဇာနွယ်ဝင်း

Posted on

ချစ်ဖို့ကောင်းတဲ့ မေမေသဉ္ဇာနွယ်ဝင်းကော့ သမီးလေးကိုယ်ဝန်ဆောင်ထားရတာမို့ အရမ်းကိုနုပြီး ချောလွန်းနေပါတယ်။ သိပ်ပြီးဂရုတစိုက်နဲ့ချစ်တတ်တဲ့ ခင်ပွန်းသည်နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးကိုလည်းပိုင်ဆိုင်ထားရတာကြောင့် သူမကအပျော်ကြီးပျော်လို့နေပါတယ်။ သမီးလေးဟာလည်း မကြာခင်မှာ ဖေဖေမေမေတို့ရဲ့ ရင်ခွင်ထဲကိုဝင်လာတော့မှာမို့ သဉ္ဇာတစ်ယောက်စိတ်လှုပ်ရှားနေပုံပါပဲ။

သားလေးကိုလည်းရိုးရိုးမွေးဖွားခဲ့ပြီး သမီးလေးကိုတော့ ဘယ်လိုပုံစံမွေးမယ်ဆိုတာ မသိရသေးပါဘူး။ လက်ဆောင်ရတဲ့ ပန်းစည်းလေးနဲ့ဓာတ်ဖမ်းထားတဲ့သူမရဲ့ပုံရိပ်လေးတွေဟာ အပျိုလေးတစ်ယောက်လို နုနယ်ပြီးအရမ်းကိုချစ်ဖို့ကောင်းလွန်း နေပါတယ်။ တစ်သားမွေးပြီး တစ်သွေးလှတယ်ဆိုတာ သဉ္ဇာကသက်သေပြလိုက်သလိုပဲနော်။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ” မနေ့က ပန်းစီး လက်ဆောင်ရလို့ ကလေးမမွေးခင်လေး ရိုက် ကြည့်တာပါ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မကြာခင်မှာရောက်လာမယ့် သမီးလေးအတွက် အိပ်ယာလေးတွေပြင်ဆင်ထားပုံက အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်။ မိဘမေတ္တာကတော့ မမြင်ရသေးတဲ့သမီးလေးအတွက်တောင် တခမ်းတနားပြင်ဆင်ထား တာနော်။

Photo – Thinzar Nwe Win
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Thinzar Nwe Win
Happy – Cele Zone