ဟန်ဆောင်ပြုံးနေရတာလည်းလောကငရဲပဲမို့ တစ်ခါတလေမှာ အသက်မရှုချင်လောက်အောင် ပင်ပန်းနေတယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်

Posted on

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်တစ်ယောက်ကတော့ လက်ရှိမှာ သူမခံစားနေရတဲ့ ခံစားချက်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာရင့်ဖွင့်ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ လူတိုင်းမှာစိတ်ဓာတ်ကျတဲ့ အချိန်ဆိုတာရှိတတ်သလို သူမတို့လို့ နိုင်ငံကျော်တွေအတွက်က ပိုပြီးစိတ်ရှုပ်ထွေးစရာတွေများမှာအသေအချာပါပဲ။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဂီတအလုပ်တွေကိုရပ်နားလိုက်တော့မယ်လို့ပြောတုန်းက အားလုံးက ဝိုင်းတာကြတာကြောင့် လက်ရှိအချိန်ထိ အောင်မြင်မှုမှတ်တိုင်တွေနဲ့ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ်တွေကို အမြဲတမ်းဖမ်းစားတတ်သူလေးတစ်ယောက် လက်ရှိမှာတော့ စိတ်ထဲမှာခံစားနေရတာတွေကို ဖွင့်ပြောလာခဲ့ပါတယ်။

သူမရဲ့ခံစားချက်တစ်ချို့ကို ” ဒီရက်ပိုင်းအရာရာကပင်ပန်းစေတယ် အထူးသဖြစ်စိတ်ပဲ ဘဝကိုအဆုံးသတ်သွားကြတဲ့ သူတွေကို ကိုယ်ချင်းစာမိတယ် ကိုယ်လဲတခါတလေ အသက်ရှူဖို့တောင်ပင်ပန်းနေပီလေ ဟန်ဆောင်ပြုံးနေရတာလဲ လောကငရဲပါပဲ လွန်ပါစေ ဒီလိုနေ့ရက်ကာလတွေ ” ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။ ဖိုက်တင်းပါအိုင်ရင်းရေ အဆင်ပြေပါစေနော်။

Photo – Irene Zin Mar Myint
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone