နှစ်နှစ်နီးပါး ရုပ်ရှင်ဇာတ်ကားမထွက်ခဲ့တော့ လက်ရှိမှာ ရင်ထဲကိုမုန်တိုင်းဝင်မွှေနေသလိုပဲဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

Posted on

ကွာလတီပိုင်းကိုဂရုတစိုက်နဲ့ဖန်တီးပြီး ပရိသတ်တွေကိုအကောင်းဆုံးတွေပဲချပြတတ်တဲ့ ခီမောင်နှံရဲ့တတိယမြောက် ဖန်တီးမှုဇာတ်ကားလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေရှေ့ကို ရောက်လာတော့မှာဖြစ်ပါတယ်။ ဇာတ်ကား တစ်ကားအတွက် နှစ်နှစ်လောက်အချိန်ယူရိုက်ကူးခဲ့ရပြီး အကောင်းဆုံးဆိုတဲ့ဖန်တီးမှုတွေနဲ့ပဲ ပရိသတ်တွေဆီကို အရောက်ပို့ခဲ့တာလည်းဖြစ်ပါတယ်။

ဒီတစ်ခေါက်ဇာတ်ကားဟာ Love Romance ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်တောင် ဇာတ်ကားကိုပြန်ကြည့်ရင်းနဲ့ ရင်ဘတ်တွေအောင့်လာတဲ့အထိခံစားရဖူးတယ်လို့ ရေးသားခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်ဇာတ်ကားကို ရုံမတင်ခင်မှာပဲ လိုအပ်တာတွေအများကြီး ပြင်ဆင်ထားပြီး အကောင်းဆုံးဖန်တီးနေဆဲဖြစ်ပါတယ်။

ပရိသတ်တွေရှေ့ကိုရောက်ရှိလာဖို့အတွက်ကိုတော့ ခရစ္စတီးနားက ရင်ခုန်နေတဲ့အကြောင်းကို ” ပင်လယ်ကြီး က တည်ငြိမ်နေသလောက် ၂နှစ်နီးပါး ကိုယ် နှစ်ယောက် ရုပ်ရှင်မထွက်ခဲ့တော့ ရင်ထဲမှာ မုန်တိုင်း ဝင်မွှေ နေသလိုပါပဲ ” ဆိုပြီး သူမတို့နှစ်ယောက်သား ကမ်းခြေထက်ကပုံရိပ်လေးတွေနဲ့အတူ ရင်ဖွင့်ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော အားပေးဖို့အဆင်သင့်ပဲလား။

Photo – Christina Kyi
Happy – Cele Zone

(ေဇာ္ဂ်ီျဖင့္ဖတ္ရန္)

” ႏွစ္ႏွစ္နီးပါး ႐ုပ္ရွင္ဇာတ္ကားမထြက္ခဲ့ေတာ့ လက္ရွိမွာ ရင္ထဲကိုမုန္တိုင္းဝင္ေမႊေနသလိုပဲဆိုတဲ့ ဒါ႐ိုက္တာ ခရစၥတီးနားခီ ”

ကြာလတီ ပိုင္းကိုဂ႐ုတစိုက္နဲ႔ဖန္တီးၿပီး ပရိသတ္ေတြကိုအေကာင္းဆုံးေတြပဲခ်ျပတတ္တဲ့ ခီေမာင္ႏွံရဲ႕တတိယေျမာက္ဖန္တီးမႈဇာတ္ကားေလးဟာ မၾကာခင္မွာပဲ ပရိသတ္ေတြေရွ႕ကို ေရာက္လာေတာ့မွာျဖစ္ပါတယ္။ ဇာတ္ကားတစ္ကားအတြက္ ႏွစ္ႏွစ္ေလာက္အခ်ိန္ယူ႐ိုက္ကူးခဲ့ရၿပီး အေကာင္းဆုံးဆိုတဲ့ဖန္တီးမႈေတြနဲ႔ပဲ ပရိသတ္ေတြဆီကိုအေရာက္ပို႔ခဲ့တာလည္းျဖစ္ပါတယ္။

ဒီတစ္ေခါက္ဇာတ္ကားဟာ Love Romance ဇာတ္ကားျဖစ္ၿပီး ဒါ႐ိုက္တာကိုယ္တိုင္ေတာင္ ဇာတ္ကားကိုျပန္ၾကည့္ရင္းနဲ႔ ရင္ဘတ္ေတြေအာင့္လာတဲ့အထိခံစားရဖူးတယ္လို႔ ေရးသားခဲ့ဖူးပါတယ္။ ဒီတစ္ေခါက္ဇာတ္ကားကို ႐ုံမတင္ခင္မွာပဲ လိုအပ္တာေတြအမ်ားႀကီး ျပင္ဆင္ထားၿပီး အေကာင္းဆုံးဖန္တီးေနဆဲျဖစ္ပါတယ္။

ပရိသတ္ေတြေရွ႕ကိုေရာက္ရွိလာဖို႔အတြက္ကိုေတာ့ ခရစၥတီးနားက ရင္ခုန္ေနတဲ့အေၾကာင္းကို ” ပင္လယ္ႀကီး က တည္ၿငိမ္ေနသေလာက္ ၂ႏွစ္နီးပါး ကိုယ္ ႏွစ္ေယာက္ ႐ုပ္ရွင္မထြက္ခဲ့ေတာ့ ရင္ထဲမွာ မုန္တိုင္း ဝင္ေမႊ ေနသလိုပါပဲ ” ဆိုၿပီး သူမတို႔ႏွစ္ေယာက္သား ကမ္းေျခထက္ကပုံရိပ္ေလးေတြနဲ႔အတူ ရင္ဖြင့္ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ အားေပးဖို႔အဆင္သင့္ပဲလား။

Photo – Christina Kyi
Happy – Cele Zone