Myanmar Idol လူရွေးပွဲမှာ ဦးလတ်ရဲ့ ပြင်းထန်လွန်းတဲ့ရွေးချယ်မှုကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်း

Posted on

ဆန်ကာတင်ရွေးချယ်ပွဲပြုလုပ်နေပြီဖြစ်တဲ့ Myanmar Idol Season 4 မှာဆိုရင် အကဲဖြတ်ဒိုင်အဖြစ်နဲ့ ဝါရင့်အဆိုတော် တွေဖြစ်ကြတဲ့ အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက် Season 4 ကတော့ အရင်ကနဲ့ မတူပဲ ပြိုင်ဆိုင်မှုပိုပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်လာမှာကြောင့် အားလုံးကလည်းစိတ်ဝင်တစားနဲ့ စောင့်မျှော်နေခဲ့ကြတာပဲဖြစ်ပါတယ်။

အဖွဲ့လိုက်ရွေးချယ်မှုပြုလုပ်တဲ့အခါမှာတော့ အားလုံကရင်တထိတ်ထိတ်နဲ့ ရလာဒ်ကိုစောင့်မျှော်နေခဲ့ကြပါတယ်။ အဖွဲ့လိုက်အိမ်ပြန်သွားရသူတွေရှိသလို အဖွဲ့လိုက်လ ရွေးချယ်ခံလိုက်ရတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ တော့ ဦးလတ်တစ်ယောက် အဖွဲ့တစ်ခုလုံးကို ရွေးချယ်လိုက်တဲ့အချိန်မှာ မာန်ပါပါနဲ့ ပြတ်ပြတ်သားသားရွေးချယ်ခဲ့တာ ပဲဖြစ်ပါတယ်။

ခုံကိုအားနဲ့ထုလိုက်ပြီး ” တစ်ယောက်မှ ပြန်စရာမလိုဘူး ” ဆိုတဲ့ စကားသံကြောင့် အဖွဲ့ဝင်တွေ ပျော်ရွှင်သွားရပေမယ့် ခုံထုလိုက်တဲ့အသံကြောင့်လည်း တင်ဇာမော်နဲ့ ဖြူဖြူတို့နှစ်ယောက် အလန့်တကြားဖြစ်သွားရပုံ Video လေးကို ဖြူဖြူက ” လန့်လက်ထှာ ဉီးလတ်ရယ် ခေးတို့ကအသည်းငယ်ရတဲ့ထဲလိပ်ပြာပါ လွင့်ထွက်သွားတော့မယ် ” ဆိုပြီး ခပ်နောက်နောက် လေး တင်ထားတာပဲဖြစ်ပါတယ်။

Video / Photo – Channel 9 / Phyu Phyu Kyaw Thein
Happy – Cele Zone

(ေဇာ္ဂ်ီျဖင့္ဖတ္ရန္)

” Myanmar Idol လူေရြးပြဲမွာ ဦးလတ္ရဲ႕ ျပင္းထန္လြန္းတဲ့ေ႐ြးခ်ယ္မႈေၾကာင့္ အထိတ္တလန႔္ျဖစ္ခဲ့ရတဲ့ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္း ”

ဆန္ကာတင္ေ႐ြးခ်ယ္ပြဲျပဳလုပ္ေနၿပီျဖစ္တဲ့ Myanmar Idol Season 4 မွာဆိုရင္ အကဲျဖတ္ဒိုင္အျဖစ္နဲ႔ ဝါရင့္အဆိုေတာ္ေတြ ျဖစ္ၾကတဲ့ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က ပါဝင္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ဒီတစ္ေခါက္ Season 4 ကေတာ့ အရင္ကနဲ႔ မတူပဲ ၿပိဳင္ဆိုင္မႈပိုျပင္းထန္တဲ့ပြဲတစ္ပြဲျဖစ္လာမွာေၾကာင့္ အားလုံးကလည္းစိတ္ဝင္တစားနဲ႔ ေစာင့္ေမွ်ာ္ေနခဲ့ၾကတာ ပဲျဖစ္ပါတယ္။

အဖြဲ႕လိုက္ေ႐ြးခ်ယ္မႈျပဳလုပ္တဲ့အခါမွာေတာ့ အားလုံကရင္တထိတ္ထိတ္နဲ႔ ရလာဒ္ကိုေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ အဖြဲ႕လိုက္ အိမ္ျပန္သြားရသူေတြရွိသလို အဖြဲ႕လိုက္လ ေ႐ြးခ်ယ္ခံလိုက္ရတဲ့သူေတြလည္းရွိခဲ့ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဦးလတ္ တစ္ေယာက္ အဖြဲ႕တစ္ခုလုံးကို ေ႐ြးခ်ယ္လိုက္တဲ့အခ်ိန္မွာ မာန္ပါပါနဲ႔ ျပတ္ျပတ္သားသားေ႐ြးခ်ယ္ခဲ့တာပဲျဖစ္ပါတယ္။

ခုံကိုအားနဲ႔ထုလိုက္ၿပီး ” တစ္ေယာက္မွ ျပန္စရာမလိုဘူး ” ဆိုတဲ့ စကားသံေၾကာင့္ အဖြဲ႕ဝင္ေတြ ေပ်ာ္႐ႊင္သြားရေပမယ့္ ခုံထုလိုက္တဲ့အသံေၾကာင့္လည္း တင္ဇာေမာ္နဲ႔ ျဖဴျဖဴတို႔ႏွစ္ေယာက္ အလန႔္တၾကားျဖစ္သြားရပုံ Video ေလးကို ျဖဴျဖဴက ” လန္႔လက္ထွာ ဉီးလတ္ရယ္ ေခးတို႔ကအသည္းငယ္ရတဲ့ထဲလိပ္ျပာပါ လြင့္ထြက္သြားေတာ့မယ္ ” ဆိုၿပီး ခပ္ေနာက္ေနာက္ေလး တင္ထားတာပဲျဖစ္ပါတယ္။

Video / Photo – Channel 9 / Phyu Phyu Kyaw Thein
Happy – Cele Zone