Aqua Village Water Part မှာ ကလေးအယောက် ၁၀၀‌ အတွက် ဆန်းပြားတဲ့ အလှူတစ်ခုကို ပြုလုပ်ခဲ့တဲ့ စမိုင်းလ်

Posted on

ရုပ်ရှင်လောကမှာ တချိန်က အောင်မြင်မှုတွေကို သိမ်းပိုင်နိုင်ခဲ့တဲ့ မင်းသမီးချောတစ်ဦးဖြစ်တဲ့ စမိုင်းလ်ကို‌တော့ ပရိသတ်တွေမှတ်မိကြမှာပါ။ အနုပညာအလုပ်တွေကနေ အနားယူပြီးတဲ့နောက်မှာ ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့ ဘဝကို ‌အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတာကို မြင်တွေ့ရမှာပါ။

မိသားစုအတူတူ စိတ်ကူးပေါက်သလို အလှူတွေလုပ်တတ်တဲ့ စမိုင်းလ်တို့ မိသားစုလေးက ဘာသာတရားကိုင်းရှိုင်းပြီး စိတ်ကောင်းစေတနာအပြည့်ရှိတဲ့ မိသားစုလေးမို့ ပရိသတ်တွေဆီက ယခင်ကထက်ပိုပြီး ချစ်ခင်လေးစားအားကျမှုတွေကို ပိုင်ဆိုင်ထားတာကို တွေ့မြင်ရမှာပါ။ အလှူရေစက် လက်နဲ့ မကွာဆိုသလို မိသားစုလိုက် စည်းစည်းလုံးလုံးနဲ့ အလှူအဒါန်းတွေလုပ်နေတဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေအတွက် အားကျစရာပါပဲ။

ယခုလည်း ကလေးတိုင်းသွားချင်ကြတဲ့ Aqua Village Water Parkကို ကလေးငယ် အယောက် ၁၀၀ အတွက် ရေကစားခွင့်ရ‌အောင် စီစဥ်ပေးပြီး အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ ကစားကွင်းတွေကို သွားဖို့အတွက် အချိန်မရှိဘဲ ရှင်သန်ဖို့အတွက် ရုန်းကန်နေရတဲ့ ကလေးငယ်တွေအတွက် မိခင်တစ်ယောက်ရဲ့ စေတနာအပြည့်နဲ့ ရေကစားရင်း ပျော်ရွှင်ခွင့်ရအောင် စီစဥ်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း စမိုင်းလ်ရဲ့ အလှူတွေကိုကြည့်ပြီး ထပ်တူကြည်နူးစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:စမိုင်းလ်

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

Aqua Village Water Part မွာ ကေလးအေယာက္ ၁၀၀‌ အတြက္ ဆန္းျပားတဲ့ အလႉတစ္ခုကို ျပဳလုပ္ခဲ့တဲ့ စမိုင္းလ္

႐ုပ္ရွင္ေလာကမွာ တခ်ိန္က ေအာင္ျမင္မႈေတြကို သိမ္းပိုင္ႏိုင္ခဲ့တဲ့ မင္းသမီးေခ်ာတစ္ဦးျဖစ္တဲ့ စမိုင္းလ္ကို‌ေတာ့ ပရိသတ္ေတြမွတ္မိၾကမွာပါ။ အႏုပညာအလုပ္ေတြကေန အနားယူၿပီးတဲ့ေနာက္မွာ ပရိသတ္ေတြအတြက္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးနဲ႔ အတူ ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္နဲ႔ ဘဝကို ‌ေအးခ်မ္းေပ်ာ္႐ႊင္စြာျဖတ္သန္းေနတာကို ျမင္ေတြ႕ရမွာပါ။

မိသားစုအတူတူ စိတ္ကူးေပါက္သလို အလႉေတြလုပ္တတ္တဲ့ စမိုင္းလ္တို႔ မိသားစုေလးက ဘာသာတရားကိုင္းရႈိင္းၿပီး စိတ္ေကာင္းေစတနာအျပည့္ရွိတဲ့ မိသားစုေလးမို႔ ပရိသတ္ေတြဆီက ယခင္ကထက္ပိုၿပီး ခ်စ္ခင္ေလးစားအားက်မႈေတြကို ပိုင္ဆိုင္ထားတာကို ေတြ႕ျမင္ရမွာပါ။ အလႉေရစက္ လက္နဲ႔ မကြာဆိုသလို မိသားစုလိုက္ စည္းစည္းလုံးလုံးနဲ႔ အလႉအဒါန္းေတြလုပ္ေနတဲ့ ပုံရိပ္ေလးေတြက ပရိသတ္ေတြအတြက္ အားက်စရာပါပဲ။

ယခုလည္း ကေလးတိုင္းသြားခ်င္ၾကတဲ့ Aqua Village Water Parkကို ကေလးငယ္ အေယာက္ ၁၀၀ အတြက္ ေရကစားခြင့္ရ‌ေအာင္ စီစဥ္ေပးၿပီး အလႉလုပ္ခဲ့တာျဖစ္ပါတယ္။ ကစားကြင္းေတြကို သြားဖို႔အတြက္ အခ်ိန္မရွိဘဲ ရွင္သန္ဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ ကေလးငယ္ေတြအတြက္ မိခင္တစ္ေယာက္ရဲ႕ ေစတနာအျပည့္နဲ႔ ေရကစားရင္း ေပ်ာ္႐ႊင္ခြင့္ရေအာင္ စီစဥ္ေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြလည္း စမိုင္းလ္ရဲ႕ အလႉေတြကိုၾကည့္ၿပီး ထပ္တူၾကည္ႏူးေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။