အလှူငွေ သိန်း(၅၀၀) နဲ့ စားသောက်ကုန် (၁၅)မျိုးကို လူမှုကယ်ဆယ်ရေးအတွက် လှူဒါန်းလိုက်ပြီဖြစ်တဲ့ နှင်းဆီရင်ခွင်အဖွဲ့

Posted on

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားချောတွေဖြစ်တဲ့ မင်းမော်ကွန်း၊နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့ လေးယောက်အတူ ဖွဲ့စည်းထားတဲ့ နှင်းဆီရင်ခွင် အငြိမ့်အဖွဲ့ကတော့ ပရိသတ်တွေ အားပေးကြမ်းတဲ့ အငြိမ့်အဖွဲ့တစ်ခုပါ။ နှင်းဆီရင်ခွင် အဖွဲ့က လူမှုကူညီရေးဖောင်ဒေးရှင်းတစ်ခုအနေနဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ ‌ထောက်ပံ့မှုတွေကို ပရိသတ်တွေနဲ့ အတူ ပူးပေါင်းပြီး ကူညီပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

 

ပရိသတ်တွေအရမ်းကို သ‌ဘောကျရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေကို လူရွှင်တော်တစ်ဦးအဖြစ်နဲ့ မြင်တွေ့ရတာဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတာပါ။ ဒါပြင့် တစ်ခေါက်နဲ့ တစ်ခေါက် မရိုးနိုင်အောင် ဆန်းသစ်တဲ့ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို တင်ဆက်ပြသရင်း တစ်ဖက်ကနေလည်း အကြောင်းအမျိုးမျိုးကြောင့် သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေတာကို မြင်တွေ့ရမှာပါ။

 

အခုလည်း မကြာသေးခင်အချိန်က ကပြဖျော်ဖြေသွားတဲ့ နှင်းဆီလှေ အငြိမ့်ပွဲမှ ရရှိခဲ့သော ငွေသားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နှင်းဆီရင်ခွင် လူမှုကယ်ဆယ်ရေး ဖောင်ဒေရှင်းမှ ငွေသား သိန်း(၅၀၀) နဲ့ စားသောက်ကုန် (၁၅)မျိုးကို သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ရင်း ကြည်နူးပီတိဖြစ်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်‌နော်။

 

Source:NayToe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

အလႉေငြ သိန္း(၅၀၀) နဲ႔ စားေသာက္ကုန္ (၁၅)မ်ိဳးကို လူမႈကယ္ဆယ္ေရးအတြက္ လႉဒါန္းလိုက္ၿပီျဖစ္တဲ့ ႏွင္းဆီရင္ခြင္အဖြဲ႕

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္မင္းသားေခ်ာေတြျဖစ္တဲ့ မင္းေမာ္ကြန္း၊ေနတိုး၊ေက်ာ္ေက်ာ္ဗိုလ္၊ထြန္းထြန္း၊ရဲေလးတို႔ ေလးေယာက္အတူ ဖြဲ႕စည္းထားတဲ့ ႏွင္းဆီရင္ခြင္ အၿငိမ့္အဖြဲ႕ကေတာ့ ပရိသတ္ေတြ အားေပးၾကမ္းတဲ့ အၿငိမ့္အဖြဲ႕တစ္ခုပါ။ ႏွင္းဆီရင္ခြင္ အဖြဲ႕က လူမႈကူညီေရးေဖာင္ေဒးရွင္းတစ္ခုအေနနဲ႔ ျပည္သူေတြအတြက္ လိုအပ္ေနတဲ့ ‌ေထာက္ပံ့မႈေတြကို ပရိသတ္ေတြနဲ႔ အတူ ပူးေပါင္းၿပီး ကူညီေပးေနတဲ့ အဖြဲ႕တစ္ခုျဖစ္ပါတယ္။

ပရိသတ္ေတြအရမ္းကို သ‌ေဘာက်ရတဲ့ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားေတြကို လူ႐ႊင္ေတာ္တစ္ဦးအျဖစ္နဲ႔ ျမင္ေတြ႕ရတာျဖစ္လို႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို မ်ားစြာရရွိထားတာပါ။ ဒါျပင့္ တစ္ေခါက္နဲ႔ တစ္ေခါက္ မ႐ိုးႏိုင္ေအာင္ ဆန္းသစ္တဲ့ ျပက္လုံးေတြနဲ႔ ပရိသတ္ေတြကို တင္ဆက္ျပသရင္း တစ္ဖက္ကေနလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သဘာဝေဘးအႏၲရာယ္ေတြကို ခံစားေနရတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေနတာကို ျမင္ေတြ႕ရမွာပါ။

အခုလည္း မၾကာေသးခင္အခ်ိန္က ကျပေဖ်ာ္ေျဖသြားတဲ့ ႏွင္းဆီေလွ အၿငိမ့္ပြဲမွ ရရွိခဲ့ေသာ ေငြသားမ်ားကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနသို႔ သြားေရာက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ႏွင္းဆီရင္ခြင္ လူမႈကယ္ဆယ္ေရး ေဖာင္ေဒရွင္းမွ ေငြသား သိန္း(၅၀၀) နဲ႔ စားေသာက္ကုန္ (၁၅)မ်ိဳးကို သြားေရာက္လႉဒါန္းခဲ့တဲ့ ပုံရိပ္ေတြကိုလည္း ပရိသတ္ေတြ သာဓုေခၚရင္း ၾကည္ႏူးပီတိျဖစ္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္‌ေနာ္။