ဒယ်ဒယ်နဲ့အတူ ဘုရားရှိခိုးပြီး ဘ၀အတွက်အရေးအကြီးဆုံးအရာတွေကို ဆုတောင်းလိုက်တဲ့ Roar Roar လေး

Posted on

ဆုပန်ထွာရဲ့ခြေရာနင်းမယ့် သားလေးပီပီ အခုအချိန်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားခဲ့ရသူလေးကတော့ သားလေး Roar Roarလေးပဲဖြစ်ပါတယ်။ မျက်နှာအရမ်းချိုပြီးတော့ စကားလည်း တအားတတ်တာကြောင့် မေမေကလည်း ချစ်မ၀နိုင်ဖြစ်နေရပြီး အလုပ်တွေကြောင့် အိမ်ကို ခဏခွဲသွားရတဲ့ အချိန်မှာတောင် သားလေးကို လွမ်းမဝနိုင်ဖြစ်နေခဲ့ရပါတယ်။

အခုရက်ပိုင်းမှာဆိုရင် Roar Roarလေးရဲ့ မိခင် မေမေဆုပန်ထွာဟာ နာမည်ကြီး LOS ANGLESနဲ့ CHICAGOမြို့တွေကို နိုင်ငံခြား ဖျော်ဖြေရးခရီးစဉ်အနေနဲ့ သွား‌ေရာက်‌ေနခဲ့ရပါတယ်။ ဆုပန်ထွာဟာ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ သားလေး Roar Roarကို လွမ်းတာကြောင့် သူမ ပြည်ပခရီးစဉ်မထွက်ခင်က ရိုက်ထားတဲ့ သားလေးရဲ့ဗီဒီယိုလေးကို ကြည့်ပြီးအလွမ်း‌ေြဖနေခဲ့ရကြောင်း‌ဆိုခဲ့ပါသေးတယ်။ အရွယ်နဲ့မလိုက်‌ေအာင်သိတတ်တဲ့ သားသားလေးကတော့ အိမ်မှာပဲဒယ်ဒယ်နဲ့ ကျန်ခဲ့ပြီးတော့ ကောင်းမှုကုသိုလ်လေးတွေလုပ်နေတာကိုတွေ့ရပါတယ်။

မေမေနဲ့ ဖေဖေတို့ရဲ့ သွန်သင်ဆံုးမမှု‌ေတွကြောင့် အရမ်းကို လိမ္မာရေးခြားရှိ‌ေနပြီး ဘာသာတရားလည်း ရိုသေတဲ့ သားလေးRoar Roarဟာအခုလည်း ဒယ်ဒယ်နဲ့အတူ အိမ်မှာ ဘုရားရှိခိုးပြီး ဆုတောင်းလို့နေပြန်ပါတယ်။ “အိပ်ရာကထတော့ ဝအောင်ဆော့တယ်။ ပြီးတော့ ဒယ်ဒဲလာဆိုပြီး ဘုရားခန်းထဲကိုခေါ်သွားတယ်။ ပြီးတော့ ဘုရားရှိခိုးပြီး ဆုတောင်းသေးတာ” ဆိုပြီးတော့ ဘုရားတရားသိတတ်တဲ့ သားလေးကို ချီးမွမ်းစကားဆိုကာ ‌နိုင်ငံခြားရောက်နေတဲ့ ဇနီးသည်ဆုပန်ထွာအတွက် အလွမ်းပြေစေနိုင်ဖို့ ခင်ပွန်းြဖစ်သူက လူမှုစာမျက်နှာ‌ေပါ်မှာ ဗီဒီယိုဖိုင်‌ေလးတင်ထားခဲ့ပါတယ်။ ကဲ… စကားတတ်တဲ့ သားလေး Roar Roarတစ်ယောက် ဘုရားရှိခိုးရင်းနဲ့ ဘာတွေများဆုတောင်းလိုက်လဲဆိုတာ ကြည့်လိုက်ရအောင်နော်….

Source : Okkar Kyaw

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ဒယ်ဒယ်နဲ့အတူ ဘုရားရှိခိုးပြီး ဘ၀အတွက်အရေးအကြီးဆုံးအရာတွေကို ဆုတောင်းလိုက်တဲ့ Roar Roar လေး

မေမေဆုပန်ထွာရဲ့ခြေရာနင်းမယ့် သားလေးပီပီ အခုအချိန်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားခဲ့ရသူလေးကတော့ သားလေး Roar Roarလေးပဲဖြစ်ပါတယ်။ မျက်နှာအရမ်းချိုပြီးတော့ စကားလည်း တအားတတ်တာကြောင့် မေမေကလည်း ချစ်မ၀နိုင်ဖြစ်နေရပြီး အလုပ်တွေကြောင့် အိမ်ကို ခဏခွဲသွားရတဲ့ အချိန်မှာတောင် သားလေးကို လွမ်းမဝနိုင်ဖြစ်နေခဲ့ရပါတယ်။