ဖေဖေမေမေတို့နဲ့အတူ မနက်စာတူတူစားရင်း မုန့်တွေအားရပါးရ နှိုက်စားကာ ပို့စ်မျိူးစုံပေးနေတဲ့ ထရက်ရှာလေး

အဆိုတော်စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးကိုမွေးဖွားထားကာ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သီချင်းအမျိုးစားများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

ပရိသတ်တွေ အမြဲအားကျချစ်ခင်နေရတဲ့ မိသားစုလေးဖြစ်ပြီး ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးTreasure လေးကလည်း တစ်နေ့တစ်ခြားမေမေနဲ့ ပိုပိုတူလာပြီး ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ် ။ပရိသတ်တွေကလည်း ထရက်ရှာလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အမြဲစောင့်ကြည့်အားပေးနေရတာလည်းဖြစ်ပါတယ် ။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေပါမက သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အမြဲဆိုသလိုဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ် ။အခုလည်း မိသားစုအတူ မနက်စာစားရင်း မုန့်တွေသူ့ဘာသာ အားရပါးရနှိုက်စားနေတဲ့ သမီးလေးကို သဘောတွေကျကာ ပုံလေးတွေရိုက်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ် ။ သူတို့မိသားစုလေးကိုကြည့်လိုက်တိုင်းအမြဲပျော်ရွှင်ပြီး ကြည်နူးအားကျစရာကောင်းတာအမှန်ပါပဲ ။ ချစ်ပရိသတ်ကြီးအတွက် ထရက်ရှာလေးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Sandy Myint Lwin